ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မန္တလေးတိုင်းတိုင်းဒေသကြီး ၊ မိုးကုတ်မြို့ သိမ်းတိုက်ပွဲတွင် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများကို (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) တို့က (ဇူလိုင် ၂၅) တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းများမှာ အတွဲလိုက်ပစ် ဒုံးလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၇၃ လက်၊ ၁၂၀ မမ ၂ လက်၊ ၆၀ မမ ၁၁ လက်၊ ၈၁ မမ ၁ လက်၊ ငါးကြင်းမြီး ခေါ် စက်သေနတ် ၃ လက်၊ ပွိုင့်ဖိုက် ၁ လက်၊ RPG ၂ လက်၊ ဒုံးကာကွယ်ရေးလက်နက်ဖြစ်သည့် Jumper ၁ စုံ၊ အတွဲလိုက်ဒုံး (၄ လုံးတွဲ) ၁ လက်၊ မိုင်းနှင့် ခဲယမ်းမျိုးစုံအမြောက်အမြားဖြစ်သည်ဟု TNLA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မိုးကုတ်မြို့သိမ်းစစ်ဆင်ရေးတွင် MDY-PDF ၏ ဒရုန်းတပ်ဖွဲ့နှင့် TNLA တို့ တိုက်ပွဲကို ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။