ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုင်းရယ်မြို့နယ် မိုင်းဟဒေသအတွင်း တရုတ်နှင့် ဗီယက်နမ်နိုင်ငံသားအပါအဝင် ကျားဖြန့်လုပ်ငန်း ဆောင်ရွက်နေသူ (၈၁)ဦးနဲ့အတူ ဆက်စပ်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရမိပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်

မိုင်းရယ်မြို့နယ် မိုင်းဟဒေသအတွင်း တရုတ်နှင့် ဗီယက်နမ်နိုင်ငံသားအပါအဝင် ကျားဖြန့်လုပ်ငန်း ဆောင်ရွက်နေသူ (၈၁)ဦးနဲ့အတူ ဆက်စပ်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရမိပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်

Hsan Loi Editor
08/02/2025
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်ရှိ မိုင်းဟဒေသအတွင်းတွင် ဖေဖော်ဝါရီလ (၅)ရက်နေ့မှ (၇)ရက်နေ့အထိ တရုတ်နှင့် ဗီယက်နမ်နိုင်ငံသား အပါအဝင် တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်း ဆောင်ရွက်နေသူ (၈၁)ဦး နဲ့ ဆက်စပ်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ထား ပါတယ်။

 

မိုင်းရယ်မြို့နယ် မိုင်းဟဒေသမှာ (၃)ရက်တာအတွင်း တရုတ်နိုင်ငံသား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂ ဦး၊ ဗီယမ်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦးနဲ့ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း (၈၁) ဦး ဖမ်းဆီးရမိခဲ့ပြီး ကျားဖြန့်လုပ်ငန်းများ ဆောင်ရွက်ရာမှာ အသုံးပြုတဲ့ ဖုန်းမျိုးစုံ ၂၆၀ လုံး၊ ကွန်ပျုတာ ၁၁၈ လုံး၊ Starlink ၇ စုံ၊ Wifi စက် ၂ လုံး၊ ငါးဂိမ်းစက် ၅ လုံးနဲ့ မော်တော်ယာဥ် ၃ စီး ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့များ ဝင်ရောက်ရှာဖွေစဥ် မိုင်းရယ်မြို့ အရှေ့တောင်ဘက်ဝန်းကျင်မှာ ကျားဖြန့်လုံခြုံရေးအဖွဲ့များနဲ့ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ကျားဖြန့်လုံခြုံရေးအဖွဲ့မှ အလောင်း ၂ လောင်းနဲ့အတူ လုံခြုံရေး ၅ ဦးနဲ့ လက်နက်မျိုးစုံ ဖမ်းဆီးရမိတယ် လို့ ဆိုပါတယ်။

 

ဖမ်းဆီးရမိတဲ့ ပြည်ပနိုင်ငံသားများကို လူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့ ဆောင်ရွက်သွား မှာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ နယ်စပ်ဒေသက ကျားဖြန့်လုပ်ငန်းများ တားဆီးကာကွယ် တိုက်ဖျက် နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ထား ပါတယ်။