ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်မှာ မနေ့ကရွှေဆိုင်တစ်ဆိုင်ကို ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်း မြစ်ဆီက သိရပါတယ် ။
မိုင်းယောင်းမြို့က “ဧဝရတ်”ရွှေဆိုင်ကို ဧပြီလ ၈ ရက်၊ နေ့လယ် ၂ နာရီ အချိန်ကအမည်မသိ အမျိုး သား(၃)ဦးဓားပြဝင်တိုက် ပြီးရွှေဆိုင်အတွင်း ပစ်ခတ်မှုအထိဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ် ။
ကျူးလွန်သူတွေရဲ့ပစ်ခတ်မှုတွေကြောင့် ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ် ဦးကသေနတ်ထိမှန် ဒဏ်ရာရပြီး ရွှေဆိုင်ရဲ့ဘေးကပ်လျှက်အိမ်က အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေသေဆုံးခဲ့တယ်လို့ သိရပါတယ် ။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးမိုင်းယောင်းမြို့မရဲစခန်းက စစ်ဆေးဆောင်ရွက် နေတယ်လို့ သိရပေမဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်း ရှိ/မရှိကိုတော့ HsanLoiVoice အနေနဲ့ အတည်မပြုနိုင်သေးပေ ။