ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မိုင်းဖုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တညဏသံဝရ ၏ သက်တော်(၆၁)နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲတော်ကို သျှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ မိုင်းဖုန်းကျေးရွာ တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ (၄)ရက်နေ့အထိ နေ့စဉ် နံနက်(၄း၀၀)နာရီအချိန်တွင်လွန်းလိန်းစေတီတော်မှာ ဘုရားရှိခိုးပူဇော်ပြီး နှီးဘုရား ကျောင်းဆောင်တွင် ဘုရားဆွမ်းတော်ကပ်လှူပူဇော်ဖြစ်ကာ နေ့စဉ် နံနက်(၁၀း၀၀)နာရီနှင့် ညနေ (၃း၃၀)အချိန်တွင် နှီးဘုရားအနီးရှိ တရားဟောစင် တွင် တရားဟောကြားမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၉)နာရီအချိန်မှာတော့ ဝိဇာတမွေးနေ့ပွဲတော်ပြုလုပ်မည်ဖြစ်ပြီး ညနေ (၃း၃၀)နာရီအချိန် နှီးဘုရားအနီးရှိ တရားဟောစင် တွင် တရားဟောကြားမည်ဖြစ်သည်။
ဇန်နဝါရီလ(၅)ရက် နံနက်(၄း၀၀)နာရီ လွန်းလိန်း စေတီတော်တွင် ဘုရားရှိခိုးပူဇော်ပြီး ညနေ(၃း၀၀) နာရီအချိန်တွင် မိုင်းဖုန်းဆရာတော်အား ရေသပ္ပယ်ပူဇော်မည်ဖြစ်ကာ ၎င်းနေ့တွင် မိုင်းဖုန်းဆရာတော်သည် ဝစီပိတ် အဓိဌာန် ဝင်မည်ဖြစ်ကြောင်း မိုင်းဖုန်းဆရာတော်၏ တပည့်သာဝကထံမှ သိရသည်။
ဇန်နဝါရီလ(၆)ရက် နံနက်(၉း၀၀)နာရီ လွန်းလိန်း စေတီတော်ကျောင်းဝင်း ဆွမ်းစားကျောင်းဆောင် အနီးရှိ ဓမ္မာရုံကြီးတွင် မိုင်းဖုန်းဆရာတော်ဘုရားကြီးအား ရှိခိုးကန်တော့ပြီး ဝိဇာတမွေးနေ့ပွဲအလှူအား ရေစက်ချအမျှဝေမည်ဖြစ်သည်။
မိုင်းဖုန်းဆရာတော်၏ မွေးနေ့ပွဲကာလအတွင်း အခမဲ့ ကျွေးမွေးလှူဒါန်းခြင်းများကိုသာ ခွင့်ပြုသွားမည်ဖြစ်ပြီး လွန်းလိန်းစေတီတော် ဧရိယာအတွင်းဈေးရောင်း ချခြင်း လုံးဝ ခွင့်ပြုမည်မဟုတ်ကြောင်း သိရှိရပါသည်။