ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ နိုဝင်ဘာလ ပထမပတ်အတွင်း သျှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ်၌ TNLA အဖွဲ့၏ ဟန့်တားမှုအချို့နှင့် ကြုံတွေ့ခဲ့ရသည်ဟု သတင်းရရှိသည်။
မိုင်းဖုန်းဆရာတော်ဘုရားကြီးသည် တန့်ယန်းမြို့နယ် လွိုင်လိန်းတောင်ပေါ်သို့ ကြွစဉ် ဟန့်တားမှု အချို့ရှိခဲ့သလို ဒေသခံပြည်သူများလည်း တက်ရောက်ဖူးမြှော်ခြင်းမပြုရန် တားဆီးခဲ့သည်။
အဆိုပါ တားဆီးပိတ်ပင်မှုကြောင့် SSPP အဖွဲ့မှ အရာရှိတစ်ဦးက သွားရောက်တောင်းဆိုခဲ့ရပြီးမှသာ တောင်ပေါ်သို့ ကြွချီနိုင်ခဲ့ကြောင်းလည်း သိရသည်။
TNLA အဖွဲ့သည် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့်သီပေါမြို့နယ်ကြား ကားလမ်းမကြီးတစ်လျောက်နှင့် ဂုတ်တွင်းလမ်းပိုင်း၌ ညဘက်များတွင် ကုန်တင်ယာဉ်ကြီးများကိုလည်း ပိတ်ဆို့ပြီး ငွေကြေးကောက်ခံမှု မကြာခဏပြုလုပ်လျက်ရှိကြောင်း ကျောက်မဲဒေသခံတစ်ချို့ထံမှ သိရသည်။ ကုန်တင်ယာဉ်တစ်စီး (၃) သိန်းကျပ်အထိ တောင်းခံကြောင်း သတင်းရရှိသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/