ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုင်းပန်မြို့နယ် RCSS/SSA တပ်ရင်း ၁၀၁ ၏ ပထမအကြိမ်အခြေခံစစ်သင်တန်းဆင်းပွဲကို RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်

မိုင်းပန်မြို့နယ် RCSS/SSA တပ်ရင်း ၁၀၁ ၏ ပထမအကြိမ်အခြေခံစစ်သင်တန်းဆင်းပွဲကို RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်

Hsan Loi Editor
21/04/2024
Share:

 

ယနေ့ ဧပြီလ (၂၁)ရက်နေ့တွင် သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်၌ RCSS/SSA တပ်ရင်း ၁၀၁ ၏ ပထမအကြိမ်အခြေခံ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒေသခံရဟန်းသံဃာတော်များနှင့် ဒေသခံများ တက်ရောက်ခဲ့သည်။

သင်တန်းဆင်းအခမ်းအနား၌ သေနတ်ပစ်သရုပ်ပြခြင်း၊ ရန်သူ့ကာကွယ်ရေး အခြေခံကိုယ်ခံပညာရပ်များနှင့် အဆင့်မြင့်ကိုယ်ခံပညာရပ်များလည်း သင်တန်းသား/သူများက သရုပ်ပြခဲ့သည်။

ထို့နောက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌက “၁၉၄၇ ခုနှစ်ပြီးနောက်ပိုင်း သျှမ်းပြည်ကို အမျိုးမျိုးသော အဖျက်အမှောက်များကြောင့် ယနေ့အထိ စည်းလုံးညီညွတ်ခြင်းမရရှိသေးပါ။ အဲ့ဒါကြောင့် တွေ့ကြုံခဲ့ရသော အတိတ်ကအရာများအပေါ် အခြေခံပြီး သင်ခန်းစာအဖြစ်မှတ်ယူကာ သျှမ်းပြည်နှင့်ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်” အမှာစကားပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာသော ဒေသခံသံဃာတော်တစ်ပါးနှင့် မိဘပြည်သူ(၂)ဦးကလည်း ဒေသခံများကိုယ်စား ဒေသတွင်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


Credit & Tai Freedom