နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုင်းပန်မြို့နယ်ရှိ RCSS တပ်စခန်းနေရာများအား စစ်ကောင်စီဘက်မှ တင့်ကား (၃)စီးဖြင့် ဝင်ရောက် နှောင့်ယှက်ဖို့ပြင်ဆင်နေ

မိုင်းပန်မြို့နယ်ရှိ RCSS တပ်စခန်းနေရာများအား စစ်ကောင်စီဘက်မှ တင့်ကား (၃)စီးဖြင့် ဝင်ရောက် နှောင့်ယှက်ဖို့ပြင်ဆင်နေ

Hsan Loi Editor
05/12/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSS ၏ တပ်စခန်းနေရာမျာအား ဝင်ရောက်နှောင့်ယှက်ဖို့ စစ်ကောင်စီဘက်မှ တင့်ကား (၃)စီးဖြင့် မိုင်းပန်မြို့ အနီးဝန်းကျင်မှာ လှုပ်ရှားနေကြောင်း သိရသည်။

 

မိုင်းပန်မြို့ရှိ စစ်ကောင်စီ၏ အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁၇)မှ တင့်ကား (၃)စီးနှင့် အင်အား (၅၈)ယောက်ခန့်က မြို့တွင်းမှာ အသင့်အနေထားဖြင့် ရှိနေကြောင်း စစ်ရေးသတင်း ရင်းမြစ်မှ သိရသည်။

 

“မနေ့ကတည်းက စစ်ကောင်စီဖက်က အင်အားအလုံးအရင်းနဲ့ တင့်ကား (၃)စီးနဲ့ ပတ်နေတာ တွေ့ရတယ်၊ RCSS အခြေချ တပ်စခန်းနေရာကို ဝင်နှောင့်ယှက်ချင်တဲ့ သဘောဖြစ်မယ်၊ မြို့နားလေးမှာ ပဲ ကင်းလှည့်နေတာ ဒီနေ့အထိပဲ” လို့ ဒေသခံတစ်ဦး က Hsan Loi Voice ကို ပြောသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ(၂)ရက်က ပင်းတယမြို့ အရှေ့ဘက် နတ်အင်းကျေးရွာမှာ စစ်ကောင်စီနှင့် RCSS တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။