ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုင်းပန်မြို့တွင်ကျင်းပသည့် သျှမ်းသက္ကရာဇ် ၂၁၁၉ နှစ် သျှမ်းနှစ်သစ်ကူးပွဲသို့ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်

မိုင်းပန်မြို့တွင်ကျင်းပသည့် သျှမ်းသက္ကရာဇ် ၂၁၁၉ နှစ် သျှမ်းနှစ်သစ်ကူးပွဲသို့ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်

Hsan Loi Editor
01/12/2024
Share:

 

ယနေ့ ဒီဇင်ဘာလ(၁)ရက်နေ့မှာ ကျရောက်သည့် သျှမ်းသက္ကရာဇ် ၂၁၁၉ နှစ် သျှမ်းနှစ်သစ်ကူးပွဲ အခမ်း အနားကို သျှမ်းပြည်နယ်တောင်ပိုင်း၊ ‌မိုင်းပန်မြို့နယ်ရှိ နားဆာလေး(ၼႃးသႃလေး)မှာ ကျင်းပခဲ့ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်ကြောင်းသိရသည်။

 

သျှမ်းနှစ်သစ်ကူးအခမ်းအနားကို ယနေ့ နံနက် (၉း၀၀)နာရီမှာ ကျင်းပပြီး RCSS ဥက္ကဌမှ သဘာပတိ (၃)ဦးအဖြစ် ပအိုဝ်း၊ လီဆူနှင့် သျှမ်းတိုင်းရင်းသားတို့အား ရွေးချယ်တင်မြောက်ကာ တက်ရောက်လာသူများ အားလုံးက သျှမ်းပြည်အလံအား အလေးပြုကြကြောင်း သိရသည်။

 

ဆက်လက်ပြီး RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် တာဝန်ရှိသူများက နှစ်သစ်မင်္ဂလာစကားများ အသီးသီးပြောကြားသွားခဲ့ကြောင်း သိရသည်။

 

ယ‌မန်နေ့ညမှာလည်း ၂၁၁၉ နှစ် သျှမ်းနှစ်သစ်ကူးကြိုဆိုခြင်းအထိမ်းအမှတ်အဖြစ် ညစာစားပွဲကျင်းပကာ ရိုးရာအကအလှများနှင့် ဖျော်ဖြေတင်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုကြကြောင်း သိရသည်။