ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက်(၁၀း၀၀)နာရီ တွင် RCSS/SSA မှ ဒေသန္တရ အုပ်ချုပ်ရေးသင်တန်း အပတ်စဉ်(၁/၂၄) သင်တန်းဆင်းပွဲကို သျှမ်းပြည် နယ် တောင်ပိုင်း၊ မိုင်းပန်မြို့နယ်တွင် ကျင်းပသွားကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က RCSS/SSA ၏ ရည်ရွယ်ချက်များနှင့်အညီ သင်တန်းလှစ်ရခြင်းအကြောင်းနှင့် နယ်မြေဖွံဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ် ရေး စသည့် စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များနှင့် တာဝန်ရှိသူများအား မှာကြားသွားကြောင်း သိရသည်။
ဒေသန္တရအုပ်ချုပ်ရေးသင်တန်း ပထမအသုတ်အနေဖြင့် ယခုလ ဒီဇင်ဘာလ(၄)ရက်မှ ဒီဇင်ဘာလ (၂၀)ရက်နေ့အထိ ၂ ပတ် ကျော်ကြာ ပို့ချသင်ကြားပေးပြီး RCSS ၏ အုပ်ချုပ်ရေးနယ်မြေဖြစ်သည့် နယ်မြေ ၁ မိုင်းပန်၊ နယ်မြေ ၂ ကျိုင်းတောင်း၊ နယ်မြေ ၃ လင်းခေး၊ နယ်မြေ ၄ မိုးနဲ ,မောက်မယ်၊နယ်မြေ ၅ မိုင်းပွန် , လွယ်လင်၊ နယ်မြေ ၁၁ သျှမ်းရှေ့၊ နယ်မြေ ၁၂ ကာလိ ,ကွန်ဟိန်းနှင့် နိုင်ငံရေးဌာနတို့မှ သင်တန်းသား (၁၁၈)ဦး တက်ရောက်ကြောင်း စစ်ရေးသတင်းရင်းမြစ်မှ သိရသည်။
Photo – Tai Freedom