ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မိုင်းဆတ်တွင် စိတ်ကြွဆေးပြား ၆၅ သိန်းနှင့် လက်နက်များ ထပ်မံ ဖမ်းဆီးရမိ

မိုင်းဆတ်တွင် စိတ်ကြွဆေးပြား ၆၅ သိန်းနှင့် လက်နက်များ ထပ်မံ ဖမ်းဆီးရမိ

Hsan Loi Editor
22/02/2023
Share:

 

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်း မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု ပုံတပ်ရွာရှိ ဦးအားချာ၏ မွေးမြူရေးခြံကို ၂၀၂၃ ခု၊ ဖေဖော်ဝါရီလ ၂၀ ရက်က စကစ မူးယစ်အဖွဲ့က ဝင်ရောက်ရှာဖွေကြရာ ခြံစောင့်လုပ်သား မအားချာနှင့် မနာထီးတို့ ၂ ဦးကို ၁၂ ဗို့ သေနတ်တလက်၊ စိတ်ကြွဆေးပြား ၁၀၀ ဂရမ်နှင့် ကနဦး ဖမ်းဆီးရမိသည်ဟု CCDAC စာမျက်နှာက ရေးသားဖော်ပြခဲ့သည်။

ယင်းနောက် ည ၇ နာရီခန့်တွင် ပါဟိုးရွာရှိ ဦးအားချာ၏ အခြားနေအိမ်တလုံးမှ စိတ်ကြွဆေးပြား ၆၅ သိန်း (၂ ဒဿမ ၆ ဘီလီယံကျပ်ငွေတန်ဖိုးကျော်)၊ ပွိုင့် ၂၂ သေနတ် ၄ လက်၊ M-16 သေနတ် ၁ လက်၊ ၁၂ ဗို့ သေနတ် ၁ လက်၊ ကျည်အိမ် ၁၆ ခု၊ ကျည်မျိုးစုံ ၂၇ တောင့်တို့ကို ထပ်မံသိမ်းဆည်းရမိကြောင်း ဆိုသည်။

UWSA အဖွဲ့ထိပ်ပိုင်းခေါင်းဆောင်အချို့ကို မူးယစ်ဆေးဝါးထုတ်လုပ် ဖြန့်ဖြူး ရောင်းဝယ် ကုန်ကူးမှု နှင့်ပါတ်သက်၍ အမေရိကန်ပြည်ထောင်စု အာဏာပိုင်များက အလိုရှိလျက်ရှိသည်။ ယင်းတွင် ဝေရှောက်ကန်းကို အမေရိကန်ဒေါ်လာ ၂ သန်းဖြင့် ယနေ့အချိန်ထိ ဖမ်းဝရမ်းထုတ်ထားပါသည်။

၂၀၂၃ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌လည်း သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ပါဆပ်ရပ်ကွက်ရှိ နေအိမ်ခြံဝန်းမှ LIFAN နှင့် Canter မော်တော်ယာဉ်များပေါ်မှ စိတ်ကြွဆေးပြား ၁၄ သန်း၊ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၁၂ သန်း၊ အိုက်စ် ၂၀ ကီလိုပါ ဆာလာအိတ် ၂၅ အိတ် စုစုပေါင်း တန်ဖိုး ကျပ် (၁၈.၆၆) ဘီလီယံ (၁၈၆၆၀ သန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို နေအိမ်ရှိ စိုင်းယွက်နှင့်အတူ ဖမ်းဆီးရမိကြောင်း မယ်ဆိုင်ပရပ်စ်က ကနဦး ထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးမဖမ်းမီ စစ်ကောင်စီတပ်ဖွဲ့ နယ်မြေခံအရာရှိ အချို့သည် မူးယစ်ဆေးဝါးပိုင်ရှင်များနှင့် အပေးအယူလုပ်ပြီးမှ ထုတ်ပြန်ပြသချင်သည့် အရာများကိုသာ ထုတ်ပြန်သည်များလည်း ရှိကြောင်း ကြားသိရသည်။

Ref:
CCDAC Myanmar
https://2001-2009.state.gov/p/inl/narc/rewards/39404.htm