နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိုင်းကိုင်မြို့နယ်၌ အသုဘမှပြန်လာသည့် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ငွေကျပ် (၁၀) သိန်းကျော်ခန့်ရှိ ပစ္စည်းများ ပါသွားဟုဆို

မိုင်းကိုင်မြို့နယ်၌ အသုဘမှပြန်လာသည့် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ငွေကျပ် (၁၀) သိန်းကျော်ခန့်ရှိ ပစ္စည်းများ ပါသွားဟုဆို

Hsan Loi Editor
07/09/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု၌ စက်တင်ဘာလ (၅) ရက်နေ့က အသက် (၂၁) နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် နံနက် (၇) နာရီကျော်ဝန်းကျင်ခန့်တွင် ဓားပြတိုက်ခံခဲ့ရပြီး ဆိုင်ကယ်၊ ရွှေနားကပ်တစ်စုံပါသွားကြောင်း သတင်းရရှိသည်။

 

အဆိုပါအမျိုးသမီးငယ်သည် တုံလောကျေးရွာ၌ အသုဘအခမ်းအနားလာရောက်ပြီး ကုန်းဆာရွာသို့အပြန်တွင် အမျိုးသားတစ်ဦးမှ ဟိုခိုနမ့်ခုတ်တံတားအနီး စောင့်ဆိုင်းကာ ဓားပြတိုက်ခြင်းဖြစ်သည်။

 

ဓားပြသည် ၎င်း၏ဆိုင်ကယ်ကိုတားပြီး အမျိုးသမီးငယ်ကို ဆိုင်ကယ်ပေါ်မှဆွဲချကာ သူမဝတ်ဆင်ထားသော ရွှေနားကပ်တစ်စုံကို ရိုက်နှက်လုယက်သည့်အပြင် သူမဆိုင်ကယ်ကိုပါ လုယူမောင်းနှင်ထွက်ပြေးသွားသည်ဟုဆိုသည်။

 

“သူက တုံလောက အသုဘသွားပြီး အပြန်လမ်း ကုန်းဆာလမ်းခွဲအရောက် ဟိုခိုနမ့်ခုတ်တံတားမှာ ယောကျာ်းတစ်ယောက်က ပြောင်းဖူးခင်းထဲကနေထွက်လာပြီးတော့ သူ့ဆိုင်ကယ်ကို တားလိုက်တယ်။ ပြီးတော့ သူမကို တံတားအောက်ကို ဆွဲခေါ်သွားပြီးတော့ လည်ပင်းညစ်ပြီး ရိုက်နှက်နှိပ်စက်လို့ ကောင်မလေးက သတိခဏတောင်လစ်သွားတယ်။ အခုတော့ ကောင်မလေးကို တုံလောကျေးရွာ ဆေးပေးခန်းမှာ ပို့ဆောင်ပြီး ကုသမှုခံယူထားစေတယ်။ သူ့ဒဏ်ရာက တော်တော်ပြင်းထန်လို့ ရေတောင်ကောင်းကောင်းမမြိုချနိုင်ဘဲ တံတွေးထွေးရင်တောင် သွေးတွေပါတယ်။ ဓားပြတိုက်သွားတဲ့ လူဆိုးကိုတော့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက စုံစမ်းနေတုန်းပဲ။” ဟု ဒေသခံတစ်ဦးက Shan News သတင်းဌာနကို ပြောပြသည်။

 

ဓားပြတိုက်သောသူသည် သူမဆိုင်ကယ်အား ရယူကာ တုံလောရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။