နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မိခင်ဘာသာစကားအခြေပြုသော ပညာရေးစနစ်ဖော်ဆောင်ရေး တိုင်းရင်းသားဒေသအသီးသီး၌ စတင်ဆောင်ရွက်နေ

မိခင်ဘာသာစကားအခြေပြုသော ပညာရေးစနစ်ဖော်ဆောင်ရေး တိုင်းရင်းသားဒေသအသီးသီး၌ စတင်ဆောင်ရွက်နေ

Hsan Loi Editor
30/05/2024
Share:

 

ယခု ၂၀၂၄/၂၅ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန က ကျောင်းအပ်ရေးနေ့အဖြစ် ကျောင်းသား/သူများကို စတင်လက်ခံနေပြီဖြစ်သည်။ သို့သော် နိုင်ငံရေးမတည်ငြိမ်ခြင်းကြောင့် ကျောင်းသား/သူများ အစိုးရကျောင်းအပ်နှံမှုသည် မြို့ပေါ်တွင်သာ ပုံမှန်အတိုင်းရှိပြီး တိုင်းရင်းသားကျေးလက်ဒေသများတွင် နည်းပါးလျက်ရှိသည်။

 

ကိုဗစ်ကပ်ရောဂါအပြင် စစ်ကောင်စီအာဏာသိမ်းမှုကြောင့် ၂ နှစ်ခန့် မြန်မာနိုင်ငံကျောင်းသား/သူများ ပညာ‌ရေးနောက်ကျခဲ့ရသည်။ ကျောင်းပြန်ဖွင့်ချိန်တွင်လည်း အစိုးရဝန်ထမ်း ပညာရေးဆရာ/မများ CDM တွင်ပါဝင်မှုကြောင့် ပညာရေးတွင် များစွာထိခိုက်ခဲ့ရသည်။

 

အဆိုပါ အခက်အခဲများကြောင့် ၂၀၂၃ ခုနှစ်အတွင်း တိုင်းရင်းသားဒေသတော်တော်များ၌ မိခင်ဘာသာစကား အခြေပြုသော သင်ရိုးညွှန်းတမ်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ထိုအထဲတွင် လွတ်မြောက်နယ်မြေများအတွင်း အကောင်အထည်ဖော်နေကြပြီး ကရင်နီ(ကယား)ပြည်နယ်၊ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ်၊ သျှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် စတင်ခဲ့သည်။

 

“အစိုးရပညာရေးကို ကျနော်တို့အရမ်းအားကိုးလို့မရတော့ဘူး။ နိုင်ငံရေးအပြောင်းအလဲကြားမှာ ကျနော်တို့ တိုင်းရင်းသားကလေးတွေ ဘယ်ဘက်ကို ရွေးချယ်ရမလဲဆိုတာပါ အခက်အခဲဖြစ်စေတယ်။ အခုတော့ တိုင်းရင်းသားစာပေအခြေပြုတဲ့ တိုင်းရင်းသားဘာသာသင်ကြားရေးကနေ အဆင့်မြင့်ပညာရေးကို ကူးပြောင်းနိုင်တဲ့ စနစ်ကို ပြောင်းလဲနိုင်ဖို့ ကြိုးစားနေတယ်။ သင်နည်းစနစ်ကအစ အသစ်တွေဖြစ်တဲ့အတွက် အစပိုင်းမှာတော့ အခက်အခဲဖြစ်ပေမယ့် ကျနော်တို့ တိုင်းရင်းသားပညာရေးကို ကျနော်တို့ကိုယ်တိုင် အကောင်အထည်ဖော်မှ ရေရှည်တည်တံ့တဲ့ အာမခံချက်ရှိတဲ့ ပညာရေးဖြစ်လာမယ်။”ဟု ကရင်နီပြည်နယ် ကယန်းဘာသာစကားသင်ကြားရေးအတွက် ပါဝင်လှုပ်နေသော ကယန်းလူငယ်တစ်ဦးက ပြောပြသည်။

 

လက်ရှိတွင် တိုင်းရင်းသားဘာသာစကားသင်ကြားရေးကို အစိုးရကျောင်းများ၌ အချိန်ပိုင်းသာ ခွင့်ပြုထားပြီး စာသင်ချိန်အတွင်း သင်ကြားခွင့်ပြုခြင်းမဟုတ်ဘဲ စာသင်ချိန်ပြင်ပသာ သင်ခွင့်ပြုခြင်းသာ ဖြစ်သည်။