ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၄ခုနှစ်၊ ဖေဖော်ဝရီလ ၊ (၂၁)ရက် ည(၁၁)နာရီဝန်းကျင်တွင် အသက်(၂၇)နှစ်အရွယ်ရှိ ပီကင်းကောခူရွာတွင် နေထိုင်သူအရပ်သားတစ်ဦီးကို ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှု စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် KNDF တပ်ဖွဲ့ဝင်အချို့မှ ပေးအပ်ထားသောလက်နက်ကို အသုံးပြုပြီး မလျော်ကန်သော ပစ်ခတ်မှုဖြစ်ကာ လူသေမှုဖြစ်ပွားခဲ့သည်ဟု KNDF ကထုတ်ပြန်ခဲ့သည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေဖြင့် သစ္စာအဓိဌာန်(၅)ချက်၊ နိုင်ငံရေး မူဝါဒကြေညာစာတမ်းနှင့်အညီ လိုက်နာကျင့်သုံးရပ်တည်လျှက်ရှိသည်။ ထို့ကြောင့် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကနဦီးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအပြီးတွင် ဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာအက်ဥပဒေ ပုဒ်မ(၄၉)အရ ပထမအဆင့် ဗျူဟာစစ်ခုံရုံး စစ်ဆေးကြားနာမှုဆောင်ရွက်ခဲ့သည်။
ထို့နောက် ပုဒ်မ(၄၈)အရ ဗဟိုစစ်တရားရုံးချူပ်ကို ဖွဲ့စည်းပြီး ဥပဒေပြဌာန်းချက်နှင့်အညီ ကျူးလွန်သူ KNDF တပ်သား (၂)ဦီးအား စစ်အက်ဥပဒေ ပုဒ်မ(၂၂)၊ (၃၀)အရ ထောင်ဒဏ်(၂၀)နှစ်နှင့် (၁)လပြစ်ဒါဏ်ခံယူရန် ဗဟိုစစ်ခုံရုံးအဖွဲ့မှ ၂၄ရက်၊ မတ်လ၊ ၂၀၂၄ခုနှစ်တွင် စီရင်ချက်ချမှတ်လိုက်သည်ဟု KNDF က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
Credit & KNDF