ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
KA၊ KNDF၊ PDF ပူးပေါင်းအဖွဲ့ဝင်များက ကရင်နီပြည်/ကယားပြည်နယ် မယ်စဲ့မြို့နယ်အတွင်းရှိ မြို့မရဲစခန်းနှင့် စစ်ကောင်စီ၏ တပ်ရင်း ၃ ခုကို ယမန်နေ့ကစပြီး ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယင်းဒေသတဝိုက်ရှိ ဒေသခံများ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့နယ်ဘက်သို့ ရုတ်တရက်ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြခဲ့သည်။
မယ်ဟောင်ဆောင်ခရိုင် ဘန့်ဟွေ့ပူ၊ တမ်းဘွန်းဆောဟင်၌ ၃၀၃၄ ဦး၊ ခွန်ယုံးမြို့နယ် ဘန့်ဖခဲ/ဖထိုး တမ်းဘွန်းမယ်ကိထဲ၌ ၃၀၈ ဦး ရှိကြောင်းသိရသည်။