ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တောင်သမန် စစ်ဆင်ရေး ဆင်နွဲနေသည့် မန္တလေး PDF အဖွဲ့သည် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်အရာရှိများအား ဖမ်းဆီးနိုင်ခဲ့ကြောင်း အောက်တိုဘာလ(၃၀)ရက်နေ့က ထုတ်ပြန်ဖော်ပြခဲ့သည်။
၎င်းတို့ဖော်ပြချက်တွင် “” အောက်တိုဘာ (၂၆) ရက်နေ့ မှ အောက်တိုဘာ(၃၀) ရက်နေ့အတွင်း ဗိုလ်မှုးအဆင့်ရှိ နယ်ခြားစောင့် တပ်ဖွဲ့ဝင် (၁)ဦး၊ ဗိုလ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး၊ နှစ်ပွင့်ဗိုလ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး၊ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး၊ ပြည်သူ့စစ် (၂)ဦး နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။” ဖော်ပြထားသည်။