ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ဇွန်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ မန္တလေး ပုသိမ်ကြီးမြို့နယ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်လိုက်တဲ့ နန်းဦးလွင်မြေကွက်ပေါ်က ၆ ရက်နေ့အပြီးဖယ်ရှားပေးဖို့ အမိန့်စာ အွန်လိုင်းပေါ်မှာ အလျှင်အမြန်ပြန့်နှံ့လျက် မန္တလေးမြို့ခံတွေအကြား ဝေဖန်မှုမြင့်တက်နေပါတယ်။
လယ်ယာမြေဥပဒေပုဒ်မ ၁၂ ကို လိုက်နာဖို့ပျက်ကွက်တဲ့အကြောင်း၊ လယ်ယာမြေဥပဒေပုဒ်မ ၁၉ (ဃ) အရ မြေပေါ်မှာဆောက်လုပ်ထားတဲ့ အဆောက်အုံများကို ၆.၇.၂၀၂၃ ရက်နေ့ နောက်ဆုံးဖယ်ရှားပေးဖို့လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
အဆိုပါမြေကွက်မှာ ဖော်ပြပါ အိမ်ဆောက်ထားတဲ့ မန္တလေးမြို့ခံတဦးကတော့ “၁၅.၆.၂၀၁၉ မှစဆောက်ခဲ့တဲ့ ကျွန်တော်အိမ်မက်ထဲကအိမ်လေး ၆.၇.၂၀၂၃ မှာ နုတ်ဆက်ရမယ်လို့ ဘယ်လိုထင်ပါ့မလဲ။ အားတင်းထားပါတယ်။ စိတ်မကောင်းဖြစ်မိတာလေးက အဲ့အချိန်အခါဆောက်တုန်းက ခြေထောက်တစ်ဖက် မသန်မစွမ်းနဲ့ ပြေးလွှား၊ ကြီုးစားပြီး ဆောက်ခဲ့တဲ့အိမ်လေးကို အခုလွယ်လင့်စွာနဲ့ ဖျက်ရမယ်ထဲပါလေရက်” လို့ လူမှုကွန်ယက်ပေါ်မှာ ရေးသားဖော်ပြထားပါတယ်။
“ လယ်မြေပေါ်ဆောက်လို့ဆိုတော့ ဖျက်ပြီးလယ်ပြန်စိုက်မှာလား” လို့ အခြားအကောင့်တခုကလည်း မေးခွန်းထုတ်ထားပါတယ်။
လ/ယ ၃၀ လျှောက်ထားနိုင်ပေမယ့် လျှောက်တိုင်း ခွင့်ပြုခြင်း/မပြုခြင်းက သက်ဆိုင်ရာ ရပ်/ကျေးလယ်/စီမှ ဗဟိုလယ်/စီထိ လယ်/စီအဖွဲ့ အဆင့်ဆင့်ရဲ့ ကွင်းဆင်းမှတ်တမ်းတွေနဲ့ သဘောထားမှတ်ချက်တွေအပေါ်မှာ မူတည်ပြီး ခွင့်ပြုသင့်/မသင့် ဆုံးဖြတ်ကြတာပါ။ လ/ယ ၃၀ လျှောက်ထားပြီဆိုတာနဲ့ အိမ်ခြံမြေအဖြစ် အသုံးပြုကြပြီး အဆောက်အဦးတွေ ဆောက်ကြတော့တာပါပဲ၊ စတာတွေကို သတိပြုကြဖို့ ဥပဒေပိုင်းဆိုင်ရာ တတ်သိနားလည်တဲ့ ရှေ့နေအသိုင်းအဝိုင်းအချို့က လူမှုကွန်ယက်ပေါ်မှာ အကြံပြုထားတာကို တွေ့ရပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျုးကျော်နဲ့ တရားမဝင်ဘူးလို့ အသတ်မှတ်ခံရတဲ့ မန္တလေးမြို့ပတ်ဝန်းကျင်က ဂံရွာတောင်ဘက်ဝန်း၊ ကမ်းနားလမ်းတလျှောက်၊ ၇၆-၃၈ လမ်းတဝိုက်၊ အိုးရှင်းသစ်ဆူပါမားကတ်ရှေ့ အားကစားကွင်းဆိုင်တန်းများ၊ မြစ်ငယ်မြို့ မီးရထားမြေနဲ့မလွတ်တဲ့နေရာတွေ ကနေထွက်ဖို့ မထွက်ရင် လာရောက်ဖျက်ဆီးပြစ်ကြောင်း မန္တလေးမြို့ခံတဦးက ပြောပြပါတယ်။
မြေကိစ္စတွေကို ဗဟိုအစိုးရကသာ ကိုင်သွယ်စီမံခွင့်ယူထားပြီး မြို့နယ်တိုင်းမှာ မိုင်ချီပြီး မြေနေရာအကျယ်ဆုံးရယူထားတဲ့အင်စတီကျုးရှင်းဟာ တပ်မတော် တပ်ရင်းတွေဖြစ်နေတာကို တွေ့ရပါတယ်။ ရယူထားတဲ့မြေနေရာတွေပေါ်မှာ သီးနှံစိုက်ပျိုး ထုတ်လုပ်တာတွေကိုလည်း လုပ်တာ မမြင်ရသလို ဒေသခံတွေကိုလည်း လုပ်ကိုင်ခွင့်မပေးပြန်ပါဘူး။
Photos: စောထွန်းမြင့်