ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မန္တလေးရှိ Sky Villa ကွန်ဒို နဲ့ Great Wall Hotel မှာ နာရီပေါင်း ၆၀ ခန့် ပိတ်မိနေသူ ၅နှစ်အရွယ်ကလေးနဲ့ ကိုယ်ဝန်ဆောင် အပါအဝင် ၄ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်

မန္တလေးရှိ Sky Villa ကွန်ဒို နဲ့ Great Wall Hotel မှာ နာရီပေါင်း ၆၀ ခန့် ပိတ်မိနေသူ ၅နှစ်အရွယ်ကလေးနဲ့ ကိုယ်ဝန်ဆောင် အပါအဝင် ၄ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်

Hsan Loi Editor
31/03/2025
Share:

 

မန္တလေးရှိ Sky Villa ကွန်ဒို နဲ့ Great Wall Hotel မှာ နာရီပေါင်း ၆၀ ခန့် ပိတ်မိနေသူ ၅ နှစ် အရွယ်ကလေးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၄ ဦးကို ယနေ့ နံနက်အစောပိုင်းက တရုတ် ကယ်ဆယ်ရေးအဖွဲ့မှ အသက်ရှင်လျက် ကယ်ထုတ်နိုင်တယ်လို့ သိရပါတယ်။

 

တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် ၅ နာရီကျော်ကြာ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပြီးတဲ့နောက် Grate Wall Hotel မှာ နာရီပေါင်း ၆၀ ခန့်ပိတ်မိနေတဲ့ အမျိုးသမီး ၁ ဦးနဲ့ Sky Villa ကွန်ဒိုမှာ ပိတ်မိနေတဲ့ အသက် ၅ နှစ်အရွယ် ကလေး ၁ ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး တို့ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

 

ယခုကယ်ဆယ်ရေးလုပ်ငန်းမှာ မြန်မာ၊ တရုတ်နဲ့ ရုရှား ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြတာ ဖြစ်ပြီး ငလျင်ဖြစ်ပွားရာနေရာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။