ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မန္တလေးရှိ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်ခဲ့ရာ ၇ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ပြီး ဗိုလ်မှုးကြီးအဆင့် တစ်ဦးအပါအဝင် (၁၈)ဦး ထိခိုက်ဒဏ်ရာရသည်ဟုဆို

မန္တလေးရှိ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်ခဲ့ရာ ၇ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ပြီး ဗိုလ်မှုးကြီးအဆင့် တစ်ဦးအပါအဝင် (၁၈)ဦး ထိခိုက်ဒဏ်ရာရသည်ဟုဆို

Hsan Loi Editor
03/09/2024
Share:

 

Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့သည် ယနေ့ စက်တင်ဘာလ(၃)ရက်၊ မနက် ၄ နာရီ ၈ မိနစ် အချိန်တွင် မန္တလေးမြို့ရှိ စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်ခဲ့ရာ ၇ လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး ဗိုလ်မှုးကြီးအဆင့် တစ်ဦးအပါအဝင် (၁၈)ဦး ထိခိုက်ဒဏ်ရာရ သည်ဟု Brave Warriors for Myanmar (BWM) မှ ထုတ်ပြန်ထားပါသည်။

 

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သည် ၁၀၂၇ ဒုတိယလှိုင်း၊ ရှမ်း-မန်း စစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ တန်ပြန်ခုခံနေသော စစ်စခန်းများကို အဓိက ကွပ်ကဲနေသည့် အရေးပါသော စစ်တိုင်းဌာနချုပ် ၂ ခုထဲမှ တစ်ခုဖြစ်ပြီး ယနေ့ မစ်ရှင်သည် BWM နှင့်မဟာမိတ်အဖွဲ့များက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဒုတိယ အကြိမ်မြောက် တိုက်ခိုက်သော မစ်ရှင်ဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာကလည်း ပထမ အကြိမ် တိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ထားသည်။

 

ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်မှုများတွင် အမှတ်(၄)ရဲစခန်း အနီးနေရာနှင့် လမ်း ၈၀×၁၁×၁၂ လမ်းကြား Kore အကြောပြင် ဆိုင်ရှိ တိုက်အပေါ်ဆုံးထပ်သို့ လက်နက်ကြီး တစ်လုံးကျရောက်ခဲ့ပြီး အမိုးပွင့်ကာ လူထိခိုက်မှု မရှိကြောင်း၊ ၈၆လမ်း ၈×၉ လမ်းကြားက လူနေအိမ်ရပ်ကွက်မှာတော့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ မြို့ခံက ပြောပါသည်။

 

တိုက်ခိုက်မှုအပြီးမှာ မန္တလေးမြို့ပေါ်ရှိ ၇၇×၂၆ လမ်း နှင့် ၄၁×၆၆ လမ်းမှာ စစ်ဆေးဖမ်းဆီးမှု များလုပ်ဆောင်နေကြောင်း သိရသည်။