ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့နယ် အောင်မြေသာစံမြို့နယ် (၂၂) လမ်းနှင့် (၈၉) လမ်းထောင့်က မြို့နယ်တရားသူကြီးတစ်ဦးပိုင်ဆိုင်သော “ လင်းလက်ဝါ” ရွှေပန်းတိမ်ဆိုင်အား လူ(၄)ဦးမှ မတ်လ (၂၈) ရက်နေ့တွင် ဓားပြဝင်တိုက်ခဲ့သည်။
ဓားပြများထဲတွင် ရဲယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးပါဝင်ခဲ့ပြီး ရွှေထည်ပစ္စည်း နှစ်ပိဿာကျော် ငွေကျန်တန်ဖိုး သိန်းပေါင်း(၁၀၀၀၀) ကျော် ပါသွားသည်ဟုဆိုသည်။
အဆိုပါရွှေပန်းတိမ်ဓားပြတိုက်မှု ကျူးလွန်သူများကို ဧပြီလ (၇) ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး ထိုအထဲတွင် စစ်ကောင်စီ၏ မန္တလေးမြို့နယ် ပုသိမ်ကြီးမြို့မရဲစခန်းမှ နယ်ထိန်း မြတ်သူအောင်နှင့် ၎င်းလက်သတ်မွေးထားသော ပျူစောထီးအုပ်စုဖြစ်နေကြောင်း သိရသည်။
“ ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းပျူခေါင်းဆောင် မောင်ထူး၊ ဆင်ရွာတော ပျူခေါင်းဆောင်ရှည်ကြီးနဲ့ နယ်ထိန်းမြတ်သူအောင်တို့ (၃) ဖွဲ့ပေါင်းပြီး မဲကင်းကုန်း၊ ကျွဲရေကုန်း၊ နယ်နီရွာပတ်ဝန်းကျင်တစ်ဝိုက်ကို ဒုတ်တွေ ဓားတွေနဲ့ ရိုက်ပြီး ဖုန်းတွေ ဆိုင်ကယ်တွေ ငွေတွေလုနေတာကြာပြီ။ လုယက်ခံရတဲ့လူငယ်တွေကိုလည်း စစ်ကြောရေးကိုပို့ပြီး သတင်းပေါက်ကြားရင် အိမ်အထိလာသတ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိတယ်။ အခု ရွှေဆိုင်ဓားပြတိုက်တာလည်း သူတို့အဖွဲ့ပဲ” ဟု Patheingyi Reporter ကဖော်ပြထားသည်။
မြတ်သူအောင်နှင့်အပေါင်းအပါများအား ဖမ်းဆီးရမိပြီးနောက် စစ်ကောင်စီမှ ပုသိမ်ကြီးမြို့နယ် မြို့မရဲစခန်းရှိ မြို့နယ်မှူး၊ စခန်းမှူးနှင့် ရဲတပ်သားအားလုံးကို ဧပြီလ (၁၁) နေ့က လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။