ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
မန္တလေးမြို့ ပြည်ကြီးတံခွန်သပိတင်အားစု၏ ဆရာတော် ဖမ်းခံရပြီး ယနေ့အထိ သတင်းအစအနမရသေးဟုဆို
မန္တလေးမြို့ ပြည်ကြီးတံခွန် သပိတ်အင်အားစု၏ ဦးဆောင်ဆရာတော်ဖြစ်သူ ဦးအဂ္ဂဝံသ သည် မတ်လ (၅) ရက်နေ့က စစ်ကိုင်းတိုင်း မြင်းမူနယ်တွင် ဖမ်းခံခဲ့ရကြောင်း သိရသည်။
မြင်းမူမြို့နယ်ထဲက လက္ကပင်ရွာကို စစ်ကောင်စီဝင်စီးချိန်တွင် ဖမ်းခံရခြင်းဖြစ်ပြီး ဖမ်းခံရသည့် ဆရာတော်နှင့်အဆက်အသွယ်ပြတ်တောက်နေသည်ဟုလည်း သိရသည်။ဆရာတော်သည် မန္တလေးမှ တိမ်းရှောင်ပြီး စစ်ကိုင်းတွင် ရှိနေချိန် အဖမ်းခံရခြင်းဖြစ်သည်။
ဆရာတော်နှင့်အတူ မန္တလေးသပိတ်အင်အားစုများ ဖမ်းဆီးခြင်းခံရပြီး ယနေ့အထိ မည်သည့်သတင်းမှ မရသေးပါ။ ဆရာတော်သည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များ ဆက်တိုက် ဆန္ဒပြနေသည့် ပုံများကို အွန်လိုင်းစာမျက်နှာထက်တွင် ဖော်ပြနေသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
photo credit & original uploader