ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မန္တလေးတိုင်းနှင့် ပြည်နယ် ၄ ခုမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများအား စစ်ကောင်စီအပြောင်းအလဲပြုလုပ်

မန္တလေးတိုင်းနှင့် ပြည်နယ် ၄ ခုမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများအား စစ်ကောင်စီအပြောင်းအလဲပြုလုပ်

Hsan Loi Editor
02/09/2023
Share:

 

မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများအား ပြောင်းလဲခန့်အပ်တာဝန်ပေးခဲ့သည်ဟု စက်တင်ဘာ ၁ ရက်တွင် စစ်ကောင်စီမှ ထုတ်ပြန်ခဲ့သည်။

 

မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်ကျော်မင်း အစား ဗိုလ်မှူးကြီး နေလင်းစိုး၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း အစား ဗိုလ်မှူးကြီး ကျော်သူရ၊ ကယားပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ အစား ဗိုလ်မှူးကြီး သန်းစိုးအောင်၊ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် အစား ဗိုလ်မှူးကြီး မင်းသူကျော်၊ ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် အစား ဗိုလ်မှူးကြီးသိန်းထွန်းအောင်တို့ကို ပြောင်းလဲခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။