ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မန္တလေးတိုင်းဒေသကြီး၌ ငွေကျပ်တန်ဖိုး (၂.၉၅) ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိဟုဆို

မန္တလေးတိုင်းဒေသကြီး၌ ငွေကျပ်တန်ဖိုး (၂.၉၅) ဘီလီယံကျော်ရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိဟုဆို

Hsan Loi Editor
22/08/2023
Share:

 

၂၀၂၃ ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့က မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၂လမ်းနှင့် ၁၁၁ စီလမ်းထောင့်ရှိ နေအိမ်တစ်အိမ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာ အိုက်စ်(မက်သ်အဖက်တမင်း) ၄၇ ကီလို၊ ဘိန်းဖြူ ၁၂၀ ဂရမ်နှင့် အခြားထိန်းချုပ်ဓာတုပစ္စည်းကဖင်း(၂)တန် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ဒါ့အပြင် ဆက်စပ်သတင်းကြောင့် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၉)ရှိ နေအိမ်တစ်အိမ်နှင့် မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၆ လမ်းနှင့် ၂၇ အေ လမ်းထောင့်ရှိ နန္ဒကို(ခ) နန္ဒ၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွမူးယစ်ဆေးဝါး(၉.၆၁၂)သိန်းပြား၊ ဘိန်းဖြူ(၂၇၀)ဂရမ် အားထပ်မံသိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

ထို့ကြောင့် ဘိန်းဖြူ(၃၉၀)ဂရမ်၊ အိုက်စ်(၄၇)ဂရမ်၊ စိတ်ကြွမူးယစ်ဆေးဝါး(၉.၆၁၂)သိန်းပြားနှင့် အခြားဆက်စပ်ပစ္စည်းများ စုစုပေါင်းငွေကျပ်တန်ဖိုး(၂.၉၅)ဘီလီယံကျော်နှင့်အတူ တရားခံများဖြစ်သည့် ဇော်မိုးလွင်(ခ)လာရွတ်ဆန်၊ အောင်သူ နှင့် နန္ဒကို(ခ)နန္ဒ တို့(၃)ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။