ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မန္တလေးတက္ကသိုလ် ပင်မဆောင် မီးလောင်မှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ်တို့မှ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ မီးလောင်ပျက်စီးဆုံးရှုံး

မန္တလေးတက္ကသိုလ် ပင်မဆောင် မီးလောင်မှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ်တို့မှ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ မီးလောင်ပျက်စီးဆုံးရှုံး

Hsan Loi Editor
30/03/2025
Share:

 

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးမြို့ရှိ မန္တလေးတက္ကသိုလ် ပင်မဆောင်ပြိုကျပြီး နောက်ဆက်တွဲအဖြစ် မီးလောင်မှုကြောင့် တက္ကသိုလ်ပင်မဆောင်သို့ ရောက်ရှိနေ တဲ့ မန္တလေး၊ စစ်ကိုင်း၊ ကချင်ပြည်နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာ မီးလောင်ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ စစ်ကောင်စီက ယမန်နေ့ညမှာ ထုတ်ပြန်ထားပါတယ်။

 

၂၀၂၄−၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်တဲ့ မန္တလေးမှ ဖြေဆိုသူ (၄၆၉၄၄ ဦးရဲ့ အဖြေ လွှာအုပ်ရေ (၂၈၀၉၄၀)အုပ်၊ စစ်ကိုင်းတိုင်းမှ ဖြေဆိုသူ (၇၃၁၁)ဦး၏ အဖြေလွှာအုပ်ရေ(၄၃၈၇၂)အုပ်နဲ့ ကချင်ပြည်နယ်မှ ဖြေဆိုသူ ဦးရေ(၈၆၉၉)ဦး၏ အဖြေလွှာအုပ်ရေ (၅၂၁၈၉) အုပ် စုစုပေါင်းအုပ်ရေ ၃ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ပြင်းထန်ငလျင်လှုပ်ခတ်ချိန်မှာ စာစစ်လုပ်ငန်းများ လုပ်ဆောင်နေချိန်ဖြစ်ပြီး စာစစ်လုပ်ငန်းဆောင်ရွက် နေတဲ့ ဆရာ၊ ဆရာမများလည်း ပင်မဆောင်အောက်သို့တိမ်းရှောင်ခဲ့ရပြီး ငလျင်လှုပ်ခတ်မှုမှ နောက်ဆက်တွဲ မီးလောင်မှုဖြစ်ပေါ်တာကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ သိရပါတယ်။