ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် ယနေ့ မွန်းလွဲပိုင်း ၁း၁၅ မိနစ်ခန့်တွင် မန္တလေး၊ ဗောဓိကုန်း အရှေ့ရပ် 69 D လမ်း 40/41 ကြားတွင် နေထိုင်သော စကစခန့် အုပ်ချုပ်ရေးမှုး ဦးစောအား STF-MDY မှ ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရပါသည်။
မန္တလေးရှိ အုပ်ချုပ်ရေးမှူးများ ရာထူးမှ နှုတ်ထွက်ရန် သတိပေးသတ်မှတ်ရက် ပြည့်ပြီ ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်လိုပါက နှုတ်ထွက်ထားနိုင်ပြီး နှုတ် မထွက်ပဲ စစ်ကောင်စီအလိုကျ အုပ်ကြီးလုပ်မည်ဆိုပါက အုပ်ကြီး ဦးစောကဲ့သို့ ရာထူးမှ အပြီးတိုင် ရပ်နားပေးမည်ဟု ယနေ့ထုတ်ပြန်ကြေညာသွားပါသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင်လည်း မန္တလေး ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် ၈၄ လမ်း၊ ဦးပွားဂုံးကျော်အဆင်းလမ်း (ဗိုလ်အိမ်လမ်း) ထောင့်ရှိ ဝသုန္ဒြေဓမ္မာရုံဝန်းအတွင်း စစ်ကောင်စီ၏ ပြည်သူ့သဘောထားနှင့် အလိုမတူ ဆန့်ကျင်ကာ ရွှေးကောက်ပွဲလုပ်၍ မဲဆွယ်စည်းရုံးရန် အစည်းအဝေးလုပ်နေကြသော လူတစုထံ ဗုံးတလုံးပစ်ပေးခဲ့သည်ဟု သိရသည်။