ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မတ်လ ၃၁ ရက်မှ ဧပြီ ၆ ရက်‌နေ့အထိ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် မင်းအောင်လှိုင် သတ်မှတ်

မတ်လ ၃၁ ရက်မှ ဧပြီ ၆ ရက်‌နေ့အထိ နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် မင်းအောင်လှိုင် သတ်မှတ်

Hsan Loi Editor
31/03/2025
Share:

 

မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ ပြင်းထန် မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးမှုများနဲ့ ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စာနာနားလည်မှုများနဲ့အတူ ထပ်တူခံစားရပြီး နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် မတ်လ ၃၁ ရက်မှ ဧပြီ ၆ ရက်နေ့အထိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က သတ်မှတ်လိုက်ပါတယ်။

 

တစ်ပတ်တာသတ်မှတ်ထားတဲ့ ဝမ်းနည်းခြင်းအထိမ်း အမှတ်နေ့ရက်များအတွင် နိုင်ငံတော်အလံကို တိုင်တစ်ဝက်လျှော့ချလွှင့်ထူကြရန် သတ်မှတ်ထားတာပါ။

 

ငလျင်ဒဏ်ကြောင့် ယနေ့အထိ သေဆုံးသူ ၁၇၀၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၅၀၀ နီးပါးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး မြေပြင်အခြေအနေအရ ထိခိုက်သေဆုံးသူအရေအတွက် ယခုထက်ပိုတယ်လို့သိရပါတယ်။