ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

မင်္ဂလာဆောင်ပွဲကျင်းပနေစဉ်အတွင်း ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒေသခံသေဆုံးမှု (၃၀)ဝန်းအထိ ရှိလာ

မင်္ဂလာဆောင်ပွဲကျင်းပနေစဉ်အတွင်း ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒေသခံသေဆုံးမှု (၃၀)ဝန်းအထိ ရှိလာ

Hsan Loi Editor
04/06/2024
Share:

 

ယမန်နေ့ ဇွန်လ(၃)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် မတောကျေးရွာတွင် မင်္ဂလာဆောင်ပွဲအခမ်းအနား ကျင်းပနေစဉ်အတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး သတိုးသား၊ သတိုးသမီးအပါအဝင် ဒေသခံသေဆုံးမှု (၃၀)ဝန်းကျင်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။ လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် ဒရုန်းဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သလို မြေပြင်စစ်ကြောင်းဖြင့်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့သည်ဟုဆိုသည်။

 

ယနေ့အထိ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်ဆယ်ကူညီရန် ကြိုးစားလျက်ရှိပြီး ဒဏ်ရာရရှိသူများပြားသောကြောင့် သေဆုံးသူဦးရေ ပိုမိုများပြာလာနိုင်သေးကြောင်း သိရသည်။ သေဆုံးသူများထဲတွင် ကလေးငယ်နှင့် အမျိုးသမီးများစွာပါဝင်သည်ဟုဆိုသည်။

 

ဒါ့အပြင် မေလ (၂၉)ရက်နေ့ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာက ရွာသူရွာသားများအား စစ်ကောင်စီက အစုလိုက်အပြုံလိုက် ပစ်သတ်မှုကျူးလွန်ခဲ့ပြီး ပြည်သူ(၇၀)ဦးကျော် သေဆုံးခဲ့ရသည်။ အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ လက်စားချေ တုန့်ပြန်သွားမည်ဟု ဇွန်လ (၂)ရက်နေ့တွင် AA က ထုတ်ပြန်ခဲ့သည်။