ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ဆရာမင်းသုဝဏ်နဲ့ ဦးလွင်တို့ကို စစ်ကောင်စီက ၇၅နှစ်ပြည့် လွတ်လပ်ရေးနေ့တွင် စည်သူဘွဲ့များ ပေးအပ်ခဲ့ပြီး အဆိုပါဘွဲ့ ဆုတံဆိပ်များကို လွန်ခဲ့သော ဖေဖော်ဝါရီလ ၁၉ရက်နေ့က အိမ်တိုင်ရာရောက်သွားပေးခဲ့ပြီး နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်က လက်ခံရယူခဲ့ကြောင်း စစ်ကောင်စီ မီဒီယာများက ဖော်ပြထားသည်။
ဆရာမင်းသုဝဏ်နဲ့ ဦးလွင်တို့အတွက် ပေးအပ်သည့် ဆုကို လွတ်လပ်ရေးနေ့တွင် တက်မယူနိုင်ဘဲ ကာယကံရှင်၏ မိသားစုဝင်ဖြစ်သော သား ၊ သမက်ဖြစ်သူ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ကို လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
စာရေးဆရာ၊ ကဗျာဆရာ၊ မြန်မာစာပါမောက္ခဖြစ်သည့် ဆရာကြီးမင်းသုဝဏ်သည် ယခင်က ဝဏ္ဏကျော်ထင်၊ သီရိပျံချီဘွဲ့ရခဲ့သူဖြစ်ပြီး ဦးလွင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖြစ် ၁၉၉၅ – ၂၀၀၀ ခုနှစ်များတွင်တာဝန်ယူခဲ့သည့် ဗိုလ်မှူးကြီး နှင့် နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်ဟောင်းဖြစ်ကြောင်း သိရသည်။