ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ဗုဒ္ဓတက္ကသိုလ်​၏ ပထမဦးဆုံးအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ဗုဒ္ဓတက္ကသိုလ်​၏ ပထမဦးဆုံးအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

Hsan Loi Editor
22/01/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်​၏ ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားအား ယနေ့ (၂၁.၁.၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားအား ဗုဒ္ဓတက္ကသိုလ်​၏ ဥက္ကဋ္ဌ ဆရာတော်ပညာနန္ဒက ဖွင့်လှစ်ပေးခဲ့သည်။

ယနေ့ပေးအပ်ချီးမြှင့်သော ဘွဲ့များသည် Diploma, B.A, M.A, Ph.D ဘွဲ့များဖြစ်ပြီး သံဃာတော် ၃၉ ပါး၊ သီလရှင် ၄ ပါး ၊ လူ ၃၂ ဦးဖြစ်သည်။ ထိုအထဲတွင် Ph.D (၁) ဘွဲ့၊ M.Phil (၂) ဘွဲ့ ၊ M.A (၃၀) ဘွဲ့ ၊ PgDip PBS (၁၈) ဘွဲ့၊ PgDip LIM (၁၃) ဘွဲ့ ၊ B.A (၆) ဘွဲ့ နှင့် Diploma (၁) ဘွဲ့ဖြစ်သည်။

သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်သည် ၂၀၁၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ပါဋိ၊ သျှမ်းလင်္ကာနှင့် အခြားသော ဗုဒ္ဓရေးရာဘာသာရပ်များသင်ကြားကာ ပြည်တွင်းပြည်ပမှ လေ့လာသူများ တက်ရောက်လေ့လာကြောင်း သတင်းရရှိသည်။

Source & Tai TV Online