ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
“၂၀၂၀ ရွေးကောက်ပွဲ အနိုင်တဲ့ NLD ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ‘၏’ ‘သည်’ မရွေး လိုက်နာရင်း တဖက်ကလဲ လိုက်နာမှာပဲဆိုတဲ့ ရိုးသားတဲ့ခံယူချက်နဲ့ ဆောင်ရွက်နေခဲ့တာမို့ အာဏာသိမ်းရင် ဘာလုပ်မယ်ဆိုတာ ကြိုတင်ပြင်ဆင်မှု မလုပ်ခဲ့ပါဘူး။ ဒါကြောင့် နေပြည်တော်ကို လွှတ်တော်တက်ဘို့ ရောက်နေတဲ့ အမတ်ဟောင်းများနဲ့ အမတ်လောင်းများဟာ အာဏာသိမ်းတဲ့အချိန်မှာ ဘာလုပ်ရမယ်ဆိုတဲ့ တိကျတဲ့အထက်လမ်းညွှန်ချက်မရှိပါဘူး။ ပြည်သူလူထုအတွက်လဲ ယေဘုယျဆန်တဲ့ တိုက်တွန်းချက်ကိုသာ ရရှိခဲ့ပါတယ်။ CRPH နဲ့ NUG ပေါ်ပေါက်လာတာဟာ NLD ရဲ့ အဖွဲ့အစည်းအလိုက် ခေါင်းဆောင်မှုကြောင့်မဟုတ်ဘဲ NLD အမတ်များရဲ့ တသီးပုဂ္ဂလကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ရဲဝံ့စွန့်စားဆောင်ရွက်ချက်များသာ ဖြစ်ပါတယ်။ ဒီလိုဘဲ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ၊ ဝန်ထမ်းများရဲ့ CDM လှုပ်ရှားမှုတွေဆိုတာကလဲ တစုတယောက် တသင်းတဖွဲ့ရဲ့ စီစဉ်မှုကြောင့်ထက် တစ်ဦးချင်းရဲ့ ဆုံးဖြတ်ပါဝင်မှုက အဓိကဖြစ်ပါတယ်။”
“၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ MNDAA, AA နဲ့ TNLA တို့က ၁၀၂၇ စစ်ဆင်ရေးကို ကြေညာပြီး သျှမ်းမြောက်ပိုင်းက စကစရဲ့ တပ်တွေကို တိုက်ထုတ်တဲ့အခါ တပြည်လုံးက ဗမာပြည်သူလူထုက ဝမ်းသာအားရ ထောက်ခံကြတယ်။ ဒီညီနောင်သုံးဖွဲ့နဲ့ NUG/PDF တို့ကလဲ အရင်ကတည်းက ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေခဲ့တယ်ဆိုတာလဲ အဲ့ဒီတော့မှဘဲ သိလာကြရတယ်။ အဲဒီတော့မှဘဲ ကျေးလက်ကို အခြေခံပြီး မြို့ကိုဝိုင်းရုံနဲ့မပြီးဘူး။ မြို့ကိုသိမ်းနိုင်မှ ဖြစ်မယ်ဆိုတာ မြင်လာကြတယ်။ အားလုံးက ညီညီညာညာ သွေးရော၊ ချွေးရော၊ ငွေကြေးရော ပါဝင်ကြမှ ဖြစ်မယ်ဆိုတာ သဘောပေါက်လာကြပါပြီ အဲဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။”