ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံကျေးရွာ သျှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး ဦးခင်မောင်ကြည်အား ဖားကန့်မြို့နယ် နမ့်နန်းလှိုင်ကျေးရွာ စစ်ဘေးရှောင်စခန်းတွင် သံသယရှိသည်ဟုဆိုကာ KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်။
“ဖမ်းသွားတာကတော့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့ နမ့်နန်းလှိုင်စစ်ဘေးရှောင်စခန်းဆီ ရောက်ရှိနေတဲ့ ဦးခင်မောင်ကြည်ကို လာဖမ်းသွားတာပါ။ တာမခံမှာ စစ်ကောင်စီတပ်နဲ့ KIA+PDF တို့ တိုက်ပွဲဖြစ်နေတာ တစ်ရွာလုံးနီးပါး နမ့်နန်းလှိုင်ကို ထွက်ပြေးတိမ်းရှောင်နေရတာလေ။ စစ်ဘေးရှောင်စခန်းမှာ ဦးခင်မောင်ကြည် ဖုန်းပြောနေတာကို မသင်္ကာလို့ဆိုပြီး ဖမ်းခေါ်သွားတာ အခုထိပြန်မလွတ်ပေးသေးဘူး။” ဟု ဖားကန့်မြို့နယ် သျှမ်းနီစာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်တစ်ဦးက ပြောပြသည်။
ယခင်ကလည်း သျှမ်းနီစာပေနှင့်ယဉ်ကျေးမှုမှ အဖွဲ့ဝင်များအား KIA အဖွဲ့က သံသယရှိသူဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ဖူးသည်။ ဦးခင်မောင်ကြည်သည် တာမခံကျေးရွာဒေသခံတစ်ဦးဖြစ်ကာ ပျားမွေးမြူရေးလုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ ဒါ့အပြင် သျှမ်းနီစာပေနှင့်ယဉ်ကျေးမှု ကော်မဝင်တစ်ဦးလည်း ဖြစ်သည်။
ဖားကန့်မြို့နယ် တာမခံကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်းအဖွဲ့တို့ တစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။