ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
စစ်ကောင်စီအနေဖြင့် အဆိုပါ မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီ လက်လွတ် ဆုံးရှုံးခဲ့ရသော နယ်မြေများကို ဆက်တိုက်ဆိုသလို ဖျက်အားပြင်းလက်နက်ဖြစ်တဲ့ ပေါင်(၅ဝဝ)ဗုံးဖြင့် လေကြောင်းမှ တဆင့် ဗုံးကြဲတိုက်ခိုက်ကာ ဖယ်ခုံ နဲ့ နမ့်ခမ်းမြို့မှ အရပ်သားပြည်သူ (၂၀)ဦးခန့် သေဆုံးကာ (၁၀)ဦးကျော် ဒဏ်ရာရရှိပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို စစ်ကောင်စီက ပိုမိုလုပ်ဆောင်လာကာ ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာလ(၅)ရက် ညပိုင်းအချိန်က သျှမ်း−ကယားနယ်စပ်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီက ပေါင်(၅ဝဝ)ဖြင့် ဗုံးကြဲချပြီး စစ်ဘေးရှောင်ပြည်သူ (၈)ဦးသေဆုံးကာ (၆)ဦး ဒဏ်ရာရှိပြီး ပျောက်ဆုံးနေသော စစ်ရှောင်ပြည်သူများလည်းရှိကြောင်း သိရသည်။
အလားတူ ယနေ့ စက်တင်ဘာလ(၆)ရက် နံနက်(၁း၃၀)ခန့်အချိန်က သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဟိုကတ်ရပ်ကွက်နှင့် ပေါက်နေရပ်ကွက်အတွင်းသို့ စစ်ကောင်စီမှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ရာ အပြစ်မဲ့ပြည်သူ(၁၁)ဦး သေဆုံးပြီး (၁၁)ဦးဒဏ်ရာရရှိကြောင်းနှင့် သေဆုံးသူထဲမှာ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်လည်း ပါဝင်ကြောင်း သိရသည်။
နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမှာြဖစ်ပြီး လက်နက်ကိုင်အဖွဲ့များ၏ သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး လိုအပ်သလို တုံ့ပြန် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြီးခဲ့သည့် စက်တင်ဘာလ(၃)ရက် တောင်ကြီးမြို့မှာ ကျင်းပတဲ့ သျှမ်းအစိုးရအဖွဲ့နဲ့ တွေ့ဆုံပွဲပြုလုပ်ချိန်မှာ ပြောဆိုထားပြီးနောက်မှာ လေကြောင်းတိုက်ခိုက်မှုပိုလုပ်လာကြောင်း သိရပါသည်။