ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ပြောင်းဖူးခြံအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ပြောင်းချိုးနေသော အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

ပြောင်းဖူးခြံအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ပြောင်းချိုးနေသော အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

Hsan Loi Editor
30/11/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဟိုနားကုန်းသာကျေးရွာရှိ ပြောင်းဖူးခြံတစ်ခြံအတွင်း ယနေ့ (၃၀.၁၁.၂၀၂၃) ရက်နေ့တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

 

ပြောင်းဖူးခြံအတွင်း ပြောင်းဖူးချိုးနေသော သျှမ်းတိုင်းရင်းသူ အသက်(၂၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်စထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

 

သေဆုံးသူသည် နန်းအေးကြည်ဟု အမည်ရပြီး ၎င်း၏ ဘယ်ဖက်ပခုံးမှ ညာဘက်ပခုံးအထိ ကျည်စဖောက်ထွက်သွားမှုကြောင့် ပြောင်းဖူးခြံအတွင်း သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။