ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာတွင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အနေနဲ့ ဉပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိသည့်အတွက်ကြောင့် အခက်အခဲများဖြစ်ပေါ်ကာ နိစ္စဒူဝပြဿနာများ ဖြေရှင်းနေရကြောင်း စစ်ကောင်စီ ဒုက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ယမန်နေ့ မတ်လ ၂၀ ရက်နေ့က ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံချိန်မှာ ပြောကြားသည်။
ပြည်သူ့စစ်မှုထမ်းစုဆောင်းရာမှာ တကယ့်မြေပြင်တွင် စစ်ကောင်စီက လူငယ်များကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ပြုလုပ်နေပြီး ဒုစစ်ခေါင်းဆောင်က စစ်မှုထမ်းဉပဒေကို ပြဋ္ဌာန်းအသက် သွင်းပြီးနောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်အဆင့်ဖွဲ့စည်းထားရှိပြီး သတ်မှတ်အရည် အချင်းနဲ့ ပြည့်စုံသူများကိုသာ ဉပဒေနှင့်အညီ သင်တန်းများဖွင့်လှစ် သင်ကြားကာ ခန့်အပ်တာဝန် ပေးလျက်ရှိကြောင်း ဆိုသည်။
ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောက်ရှောက်ရန်နှင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် တပ်အင်အားတောင့်တင်းရန်လိုအပ်သည့်အတွက် စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များမှ မှားယွင်းသော လုပ်ဆောင်မှုများ တွေ့ရှိပါက အချိန်နှင့်တစ်ပြေးညီ အသိပေးတင်ပြဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောပါသည်။
လက်ရှိ သျှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့များတွင် စစ်မှုထမ်းအကျုံးဝင်သူများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက စာရင်းလိုက်လံကောက်ခံနေပြီး ဆင့်ခေါ်ခံရသူများအနေဖြင့် လူစားထိုးလှဲလှယ်ပြုလုပ်လိုလျှင် ငွေကျပ် သိန်း(၆၀) ပေးဆောင်နေရပြီး စစ်မှုထမ်းသင်တန်းဆင်း ပြီးသူများကို ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခြင်းခံရပြီး ကျဆုံးမှုများလည်းရှိနေကြောင်း သိရှိရပါသည်။