ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၄ ခုနှစ် အောက်တိုလာလ(၁၀)ရက်နေ့က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တစ်နိုင်ငံလုံးပြည်သူ့စစ်မှုထမ်းဥပဒေအား အတည်ပြုပြီးနောက် မြန်မာနိုင်ငံရှိ လူငယ်များအကြား တုန်လှုပ်စရာရက်သတ္တပတ်ဖြစ်ခဲ့သည်။ စစ်မှုထမ်းဥပဒေအား အတည်ပြုပြီးနောက် စစ်ကောင်စီအဖွဲ့က ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့အား ယမန်နေ့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
ယနေ့ (၁၄.၂.၂၀၂၄)ရက်နေ့၌ ပြည်သူ့စစ်မှုထမ်းအတွက် သင်တန်းသားခေါ်ယူမည့် ပုံစံများကို စစ်ကောင်စီမီဒီယာများက ထပ်မံဖော်ပြခဲ့သည်။ ယခုဖွဲ့စည်းထားသော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အား ရပ်ကျေးအဆင့်ထိ အဆင့်ဆင့် ပြည့်သူစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းသွားမည်ဟုဆိုသည်။ ၎င်းတို့အဖွဲ့မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရှိသော ရပ်ကွက်အုပ်ချုပ်ရေးရုံးများက စာရင်းကောက်ယူမည်ဖြစ်သည်။
အပတ်စဉ်(၁)မှ အပတ်စဉ်(၃)အထိအား စစ်ကောင်စီမိသားစုဝင်များနှင့် ၎င်းတို့အသိုင်းအဝိုင်းမှ ထောက်ခံသူများ၊ မိမိစိတ်ဆန္ဒဖြင့် အမည်စာရင်း အရင်ဦးဆုံး စာရင်းပေးသူများကိုသာ စီစစ်ပြီး ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အပတ်စဉ်(၁)မှ အပတ်စဉ်(၃)အထိအား အမျိုးသားများကိုသာ ဦးစားပေးခေါ်ယူလေ့ကျင့်သွားဖြစ်ပြီး အမျိုးသမီးများကိုတော့ အနည်းဆုံးအင်အားကိုသာ ခေါ်ယူလေ့ကျင့်မည်ဟုဆိုသည်။ အပတ်စဉ်(၄)ရောက်မှ အမျိုးသား၊အမျိုးသမီး အချိုးကျ ခေါ်ယူမည်ဟုသိရသည်။
အပတ်စဉ်(၁) စစ်သင်တန်းအား ၂၀၂၄ ခုနှစ် ဇွန်လတွင် စစ်သင်တန်းစတင်ပေးသွားဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် သင်တန်းပြီးဆုံးမည်ဟုဆိုသည်။ အပတ်စဉ်(၁)အတွက် သင်တန်းသား(၃)သောင်းဖြင့် စတင်မည်ဖြစ်ကြောင်း သိရသည်။