ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို စစ်ကောင်စီက ပြဋ္ဌာန်းပြီး စစ်မှုထမ်း အမိန့်စာရရှိသူသည် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက် မရရှိပဲ ပြည်ပနိုင်ငံသို့ ထွက်ခွာခွင့်မရှိ‌ စေရဟုဖော်ပြပါရှိ

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို စစ်ကောင်စီက ပြဋ္ဌာန်းပြီး စစ်မှုထမ်း အမိန့်စာရရှိသူသည် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက် မရရှိပဲ ပြည်ပနိုင်ငံသို့ ထွက်ခွာခွင့်မရှိ‌ စေရဟုဖော်ပြပါရှိ

Hsan Loi Editor
24/01/2025
Share:

 

စစ်မှုထမ်းရန် အမိန့်စာရရှိသူသည် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရရှိဘဲ ပြည်ပနိုင်ငံသို့ ထွက်ခွာခွင့်မရှိစေရဆိုတဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများကို ယမန်နေ့ ဇန်နဝါရီလ(၂၃)ရက်က စစ်ကောင်စီက ထုတ်ပြန်ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။

 

နည်းဥပဒေများကို အခန်း(၁၀)ခန်း၊ နည်းဥပဒေအပိုဒ်ပေါင်း (၅၉)ပိုဒ်၊ နောက်ဆက်တွဲပုံစံ (၁၂)ခုနဲ့ ဖော်ပြထားတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်း အရာများကို ပြည်သူလူထုထံ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေးခြင်းများကို အခြေခံကျောင်းသင်ရိုးညွှန်းတမ်းများမှာ ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းပို့ချနိုင်ဖို့ ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

 

စစ်မှုထမ်းရမည့် အရွယ်ရောက်သူ နိုင်ငံသားတိုင်းသည် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်ခံရသူက လာရောက်သတင်းပို့ရန် ပျက်ကွက်ပါက မြို့နယ်အဖွဲ့က ပျက်ကွက်သူရဲ့ မိသားစုထံ သွားရောက် စုံစမ်းစစ်ဆေးရမယ်လို့ ပါရှိပါတယ်။

 

အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း လူငယ်များအနေနဲ့ စစ်မှုထမ်းရန် ပျက်ကွက်ပါက ထောင်ဒဏ် ၃ နှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်‌စေချမှတ်နိုင်ပြီး စစ်မှုထမ်းရန် တိမ်းရှောင်ကြံစည်မည်ဆိုပါက ထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ပြဋ္ဌာန်းဖော်ပြထားတယ်လို့ သိရပါတယ်။

 

Photo- ပြည်သူ့စစ်မှုထမ်း