ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယနေ့ စစ်ကောင်စီ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ပြောကြားခဲ့သည်ဟု စစ်ကောင်စီ မီဒီယာများက ဖော်ပြလာပါသည်။
ကောက်နုတ်ချက်အချို့မှာ
“ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ၎င်းတို့ကို ကိုယ်စားပြုသည့်သူများကို ကိုယ်တိုင်ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆ သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်း၊
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ဟုဆိုရာတွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများက ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်တွင် ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများ အတူတကွ ပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အခြေခံဥပဒေအရ ပြဋ္ဌာန်း ခွင့်များရရှိမည်ဖြစ်ကြောင်း၊
ထို့ကြောင့် နောင်ပြုလုပ်မည့်ရွေးကောက်ပွဲများတွင် တိုင်းရင်းသားများ၊ ဒေသများနှင့် နိုင်ငံအနှံ့ လူထုလူတန်းစားအလွှာအသီးသီးကို ကိုယ်စားပြုသည့်သူများ ဝင်ရောက် အရွေးချယ်ခံနိုင်ရန်နှင့် နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ် သည်ကို ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး ဖြစ်သည့် တိုင်းပြည်တည်ဆောက်ရေးကို ပုံဖော်နေခြင်းဖြစ်ကြောင်း၊
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဟူသည့် အခြေခံအချက် ၂ ခုအပေါ်တွင် အခြေခံပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်တွေ့ကျကျတိုးတက်လာနိုင်စေရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊
NCA မှာ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း တပ်မတော်အနေဖြင့် တံခါးဖွင့်ပေးထားပြီး ကြိုဆိုလျက်ရှိကြောင်း” ပြောကြားခဲ့သည်ဟုဆိုပါသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/