ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ပဲခူးတိုင်းဒေသကြီးအတွင်း စစ်ကောင်စီတပ်မှ ပြည်သူ့စစ်ဖွဲ့စည်းရန် အတင်းဝင်ရောက်စုဆောင်းနေဟုဆို

ပဲခူးတိုင်းဒေသကြီးအတွင်း စစ်ကောင်စီတပ်မှ ပြည်သူ့စစ်ဖွဲ့စည်းရန် အတင်းဝင်ရောက်စုဆောင်းနေဟုဆို

Hsan Loi Editor
19/01/2024
Share:

 

တော်လှန်ရေးအင်အားစုများကြောင့် အင်အားတစ်ဖြည်းဖြည်း လျှော့ကျလာသော စစ်ကောင်စီတပ်သည် ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်များနည်းတူ ပဲခူးတိုင်းဒေသကြီးတွင် တပ်သားသစ်အတင်းအဓမ္မဝင်ရောက်စုဆောင်းနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

ပဲခူးတိုင်းဒေသကြီးတွင် သျှမ်း၊ ကရင်၊ ဗမာ အပြင် အခြားတိုင်းရင်းသားများလည်း စုပေါင်းနေထိုင်နေသော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ စစ်ကောင်စီအဖွဲ့သည် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်များစွာက ကျေးရွာများရှိ အိမ်ထောင်စုစာရင်းများကို စစ်ဆေးလျက်ရှိပြီး အသက်(၅၀)အောက် အမျိုးသား/အမျိုးသမီးမရွေးဘဲ ပြည်သူ့စစ်ဖွဲ့စည်းရာတွင် ကျေးရွာတိုင်း ပါဝင်ရမည်ဖြစ်သည်ဟု ဆိုသည်။

 

“အရင်တုန်းကတော့ တစ်ခါမှ အခုလိုစစ်သားစုဆောင်းတာတွေ စစ်သားကောက်တာတွေမရှိခဲ့ဖူးဘူး။ အခုက ရွာတိုင်းကိုဝင်ပြီး သန်းခေါင်စာရင်းတွေ စစ်ဆေးနေပြီး မိသားစုများတဲ့ အိမ်တွေဆိုရင် ယောကျာ်း၊ မိန်းမ မရွေး စစ်သားလုပ်ရမယ်ဆိုပြီး ပြောလာတာတယ်။ ပြည်သူ့စစ်အဖွဲ့ ဖွဲ့မယ်လို့ပြောတာပေါ့လေ။ စစ်သားမလုပ်ဘဲ ထွက်ပြေးရင်လည်း PDF ထောက်ခံသူ၊ ထောက်ပံ့သူတွေဆိုပြီးတော့ ဖမ်းဆီးတာတွေ၊ အိမ်ကိုချိတ်ပိတ်တာတွေ လုပ်မယ်လို့လည်း ချိန်းခြောက်ပြောဆိုနေတယ်။ ကျနော်တို့ကတော့ အခြားနေရာရောက်နေတာဖြစ်လို့ လွတ်နေတယ်ဆိုပေမယ့် ကျနော့်အိမ်ကလူတွေက ရွာမှာကျန်နေတော့ လွတ်တဲ့နေရာကို ထွက်ပြေးရတော့မှာပေါ့။”ဟု ပဲခူးတိုင်းဒေသကြီးက အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောပြသည်။

 

လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ကျေးရွာအုပ်စုတစ်စုလျှင် (၅၀)ဦး ပြည်သူ့ဖွဲ့စည်းရာတွင် ပါဝင်ရမည်ဟု ကောက်ခံလျက်ရှိကြောင်း သတင်းရရှိသည်။