ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
အဆိုပါ ကမ္ဘောဒီးယားအမျိုးသားသည် အသက် ၄၃ နှစ်ဝန်းကျင်ဖြစ်ပြီး နှစ် ၃၀ ကြာ ပန်းရံလုပ်နေသူတဦးဖြစ်သည်။
၎င်းဆောက်လိုက်သော လေယာဉ်ပုံအိမ်ကလေးသည် အကျယ်အဝန်း ၄ မီတာ၊ အရှည် ၂၀ မီတာနှင့် အမြင့် ၆ မီတာရှိသည်။
ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ယမ်လစ်မြို့နှင့် ၄ ကီလိုမီတာအကွာ၌ ဖြစ်သည်။
၎င်းဘဝထဲတွင် လေယာဉ်ပျံကို တကြိမ်တခါမျှ မစီးဖူးသော်လည်း လေယာဉ်အတက်အဆင်းကို မကြာမကြာမြင်တွေ့ရာမှ လေယာဉ်ပုံစံအိမ်တည်ဆောက်ချင်သည့် ဆန္ဒထွက်ပေါ်လာခဲ့သည်ဟု သိရသည်။
၎င်း၏လေယာဉ်ပုံသဏ္ဍန် အိမ်ကလေးအတွင်း၌ အိပ်ခန်း ၂ ခန်း၊ သန့်စင်ခန်း ၂ ခန်းရှိပြီး ယခင်နှစ် မတ်လက စပြီးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ထိုင်းဘတ်ငွေပမာဏ ၇ သိန်းခန့် အသုံးပြုထားပြီးဖြစ်ကာ ကော်ဖီဆိုင်ကိုလည်း တိုးချဲ့တည်ဆောက်သွားမည်ဖြစ်သည်။
ပြည်တွင်းပြည်ပ ခရီးသွားများ အထူးစိတ်ဝင်စားမှုကို ရရှိနေပြီး နိုင်ငံခြားသားများအတွက် အမေရိကန် ၁ ဒေါ်လာနှုန်းနှင့် ပြည်တွင်းခရီးသွားဧည့်သည်များအတွက် ကမ္ဘောဒီးယားငွေ ၂ ထောင် ကောက်ခံ၍ ဝင်ရောက်လည်ပတ်ခွင့်ပြုထားပါသည်။
Photos: AFP/Tang Chhin Sothy