ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် ညသန်းခေါင်အချိန် နမ့်စန်မြို့နယ်၊ ပန်လျန်းဆိုင် ဌာနေပြည်သူ့စစ်အဖွဲ့မှာ ကျင်းပတဲ့ 2117 ခု သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲမှာ သျှမ်းလူငယ်အမျိုးသမီးတဖွဲ့ဟာ ဘောင်းဘီတိုနဲ့ ခေတ်ပေါ်အဝတ်အစားတွေနဲ့ စင်ပေါ်တက်ကခဲ့တဲ့ဖိုင် ပြန့်နံ့နေပါတယ်။
သျှမ်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က ကနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ဗိုက်သား ပေါင်သားတွေမြင်သာတဲ့ တိုတိုပြတ်ပြတ် အဝတ်အစားတွေနဲ့ Disco ပုံတက်ကခဲ့တဲ့အတွက် သျှမ်းနှစ်သစ်ကူးပွဲတော် သျှမ်းရိုးရာယဥ်ကျေးမှု၊ သျှမ်းဝတ်စားဆင်ယင်မှုတွေနဲ့ မကိုက်ညီဘူးဆိုပြီး ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
သျှမ်းလူမျိုးတွေဟာ သျှမ်းရိုးရာ ယဥ်ကျေးမှု၊ သျှမ်းဝတ်စားဆင်ယင်မှုတွေကို အမွေအနှစ်တခုအနေနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အတိုအပြတ်ဝတ်စားဆင်ယင်မှုတွေနဲ့ သျှမ်းနှစ်သစ်ကူးပွဲတော်သီချင်းတို့ဟာ လိုက်လျောညီထွေမှု မရှိဘူးလို့ ရေးသားဖော်ပြထားပါတယ်။
သျှမ်းဘာသာစကား၊ သျှမ်းရိုးရာယဥ်ကျေးမှု၊ သျှမ်းဝတ်စားဆင်ယင်မှုတွေကို သျှမ်းစာပေနဲ့ ယဥ်ကျေးမှုအဖွဲ့အစည်းအသီးသီးကနေ ထိန်းသိမ်း ကာကွယ် စောင့်ရှောက် မြင့်တင်သွားဖို့ သျှမ်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ TSU က တိုက်တွန်းလိုက်ပါတယ်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/