နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ပင်းတယ‌ဒေသတွင်း လှုပ်ရှားနေတဲ့ RCSS စစ်ကြောင်းကို စစ်ကောင်စီမှ ထိုးစစ်ဆင်တိုက်ခိုက်ဟုသိရ

ပင်းတယ‌ဒေသတွင်း လှုပ်ရှားနေတဲ့ RCSS စစ်ကြောင်းကို စစ်ကောင်စီမှ ထိုးစစ်ဆင်တိုက်ခိုက်ဟုသိရ

Hsan Loi Editor
05/12/2024
Share:

 

ပြီးခဲ့သည့် ရက်ပိုင်းက သျှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ နတ်အင်းကျေးရွာတွင်းမှာ လှုပ်ရှားနေသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS စစ်ကြောင်းအား စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်ကြောင်း သိရသည်။

 

နှစ်ဖက်တိုက်ပွဲအတွင်း RCSS ဘက်မှာလည်း တစ်ဦး ကျဆုံးသလို စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိတယ်လို့ ဒေသတွင်းကလာတဲ့ သတင်းရင်းမြစ်ကပြောထားပေမယ့် Hsan Loi Voice အနေဖြင့် သီးခြားအတည်ပြုလို့မရသေး ပါ။

 

ယခု ပင်းတယမြို့နယ်မှာ ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး RCSS ဘက်မှ တာဝန်ရှိသူများအား မေးမြန်နိုင်ရန် ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

 

စစ်ကောင်စီနှင့် RCSS တို့ ပင်းတယမြို့နယ်မှာ ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲနှင့် ပတ်သက်ပြီး RCSS နှင့် စစ်ကောင်စီတို့ဘက်မှ ယနေ့ထိ ထုတ်ပြန်ချက်တစ်စုံတစ်ရာထုတ်ပြန်ထားတာမရှိသေးပါ။

 

ပြီးခဲ့သည့် စက်တင်ဘာလ (၁၉)ရက်က သျှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ ယင်းခမ်းရွာရှိ RCSS တပ်စခန်းကို စစ်ကောင်စီနှင့်ပြည်သူ့စစ် အပါ အဝင် အင်အား(၁၀၀)ခန့်က လာရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဖက်မှ(၁)ဦးနှင့် ပြည်သူ့စစ် (၄)ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။