ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ယမန်နေ့က စစ်ကောင်စီ PNA အဖွဲ့တို့နှင့် KNDF တို့အကြား တိုက်ပွဲပြင်းထန်ခဲ့သော ပင်လောင်းမြို့နယ် ကျေးရွာအချို့မှ တောင်မဲသင်းရွာသား ၃ ဦး အသတ်ခံလိုက်ရပြီး ၃ ဦးထပ်မံပျောက်ဆုံးနေသည်ဟုသိရသည်။
“ ရွာသားတွေကတော့ အမျိုးမျိုးပြောနေကြတယ် ကျနော့်ဘက်ကလည်း အတည်မပြုနိုင်သေးဘူး” ဟု ပအိုဝ်းဒေသစာနယ်ဇင်းသမားတဦးက ပြောပါသည်။
အသတ်ခံရသူများသည် စစ်ဖာလုံး အသက် ၄၇ နှစ်၊ ခွန်တနိုင် အသက် ၂၉ နှစ်၊ ခွန်တလျူ အသက် ၃၈ နှစ်တို့ဖြစ်သည်ဟု သိရသည်။
တောင်မဲသင်းရွာ၌ PNO စစ်သားများသာ တပ်စွဲထားသောကြောင့် ၎င်းတို့သာဖြစ်ကြောင်း KNDF ဘက်က ပြောဆိုနေပြီး ၎င်းတို့ ၃ ဦးသည် ဒလန်များ ဖြစ်သည်ဆိုကာ KNDF ဘက်မှ သတ်ပစ်ကြောင်း အမျိုးမျိုး ပြောဆိုနေကြသည်ဟုဆိုပါသည်။