ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ပင်လောင်းမြို့နယ် နန်းနိမ့်ကျောင်းထိုင်ဆရာတော်နှင့် ကျောင်းဒါယကာများ သတ်ဖြတ်ခံရခြင်းအတွက် ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ယနေ့ရက်စွဲဖြင့် PNA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်ကို တွေ့ရပါသည်။
လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲသည် ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်းစုံသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ထဲကို နယ်မြေကျုးကျော်ပြီး ပအိုဝ်းကျေးရွာဖြစ်ကြသည့် လုံးပြင်၊ တောင်မဲသင်း၊ နန်းနိမ့် ကျေးရွာအတွင်း တိုက်ပွဲဖော်ဆောင်ပြီး လူနေအိမ်များနှင့် ဘာသာရေးကျောင်းကို ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကို ပြင်းပြင်းထန်ထန်ကွန့်ကွက်သည်ဟု ဖော်ပြခြင်းကို တွေ့ရပါသည်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကလည်း ယမန်နေ့ မတ်လ ၁၂ ရက် ရက်စွဲဖြင့် စစ်ကောင်စီကပင်လောင်းမြို့နယ်ရှိ နမ်းနိမ်ကျေးရွာဘုန်းကြီးကျောင်းတွင် ခိုလုံနေသော ရဟန်းနှင့် ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျုးလွန်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
မတ်လ ၁၁ ရက်နေ့ ညနေခင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ပင်လောင်းမြို့နယ်၊ နမ်းနိမ်ကျေးရွာ အနီးပတ်ဝန်းကျင်သို့ တိုက်လေယာဉ်နှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင် ခိုလုံနေသော ကျေးရွာသား ၃၀ ဦးနှင့် ဘုန်းကြီး ၃ ပါးတို့အား ခိုအောင်းရာမှ ထွက်စေခဲ့ပြီး ကျောင်းတော်နံရံရှေ့ဘက်တွင်ပင် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီနှင့်နီးစပ်သည့် သတင်းအရင်းအမြှစ်များကမူ ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သောကြောင့် စနိုက်ဘာဖြင့် ပစ်သတ်လိုက်ရကြောင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။
ယနေ့ မတ်လ ၁၃ ရက်တွင် ပင်လောင်းမြို့နယ်၊ နန်းနိမ်ကျေးရွာ ကျောင်းထိုင်ဆရာတော်၏ ရုပ်ကလပ်ကို ပြန်လည်သယ်ဆောင်လာပြီး ဆောင်းပြောင်းသုဿန်တွင် မီးသင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း ပအိုဝ်းသတင်းအရင်းအမြစ်များထံကတဆင့် သိရသည်။
စစ်ဘေးရှောင်ကူညီရေးအဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပါ။