ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ပင်လောင်းက လာဗန်ဒါ ပန်းခင်းကို လာရောက်လည် ပတ်သူ များပြား 

ပင်လောင်းက လာဗန်ဒါ ပန်းခင်းကို လာရောက်လည် ပတ်သူ များပြား 

Hsan Loi Editor
22/12/2024
Share:

 

သျှမ်းပြည်တောင်ပိုင်း ပင်လောင်း မြို့နယ်၊ နောင်တရားမြို့တောင်ဖက်မှာ ရှိတဲ့ လာဗန်ဒါ (lavender) ပန်းခင်းကို ခရီးသွားတွေ နေ့စဉ် လာရောက်လည် ပတ်သူတွေနဲ့စည် ကားနေတယ်လို့ သိရပါတယ် ။

 

” နိုင်ငံခြားက lavender တွေက ပွင့်တံပိုရှည်၊ ပွင့်ဖတ်ပိုများပြီး သင်းပျံ့တဲ့အနံ့ ရှိ့ပါတယ်။ အခု့ ပင်လောင်းက lavender ပန်းခင်းကတော့ ပွင့်တံတို၊ ပွင့်ဖတ်နဲတော့ မျိုးကွဲ lavender လို့ထင်ပါတယ် အနံ့လဲ မရှိ့ပါဘူး။ ဒါပေမဲ့ ခရမ်းရောင်ပန်းခင်းကြီးက အခု့ပန်းတွေပွင့်ချိန်ဆိုတော့ အလှဓါတ်ပုံရိုက် ကူးသူများတွေနဲ့ စည်ကားနေတယ်လို့ “ သွား ရောက်လည်ပတ်ခဲ့သူခရီးသွားတစ်ဦးကပြောပါတယ် ။

 

တောင်ကြီးဘက်က လာမယ်ဆိုရင် ပင်လောင်း မြို့နယ်၊ နောင်တရားမြို့တောင်ဘက်၊ဉာဏ်ပင်ရွာအနောက်ဘက် လမ်းကနေ လာဗန်ဒါ (lavender) ပန်းခင်းဘုရား ဖြူရွာကို ဆယ်မိနစ်လောက် မောင်းရမှာဖြစ်ပြီး ကလောဘက် က သွားမယ်ဆိုရင် ပင်လောင်းလမ်းအတိုင်း ကလော- တီကျစ်-နောင်တရားလမ်းကလာရမှာ ဖြစ်ပါတယ်။

 

အဲ့ဒီလာဗန်ဒါ (lavender) အမျိုးအစားဟာ ထိုင်းနိုင်ငံ၊ မယ်ဖာ့လုံ စီမံချက်နဲ့ စမ်းသပ်စိုက်ပျိုးထားတဲ့ ပန်းခင်းတခုဖြစ်ပြီး လက်ရှိ (၇)ဧက လောက်စိုက်ပျိုးထားပေမဲ့ လာရောက်လည်ပတ်ကြသူတွေကို ဝင်ကြေးသတ်မှတ်ထားခြင်းမရှိသေး ဘူးလို့ သိရပါတယ် ။

 

Photo credit – ဟိန်းထက်ကျော်