ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ပင်လုံမြို့နယ် ပန်မုန့်ကျေးရွာ ဂိုဒေါင်တစ်ခုအတွင်းလက်နက်မျိုးစုံနဲ့ ဆက်စပ်ပစ္စည်းများအပြင် (၇) ဦး ဖမ်းဆီးခံရ

ပင်လုံမြို့နယ် ပန်မုန့်ကျေးရွာ ဂိုဒေါင်တစ်ခုအတွင်းလက်နက်မျိုးစုံနဲ့ ဆက်စပ်ပစ္စည်းများအပြင် (၇) ဦး ဖမ်းဆီးခံရ

Hsan Loi Editor
18/11/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့၊ ပန်မုန့် ကျေးရွာနေ ပေတူး (ခ) မာရီယာနို၏ နေအိမ်ခြံဝင်းအတွင်းရှိ ဂိုဒေါင်အဆောက်အဦအတွင်းမှ လက်နက်မျိုးစုံနဲ့ ဆက်စပ်ပစ္စည်းများအပြင် လက်နက်များနှင့်ပတ်သက်ဆက်နွယ်သူ (၇) ဦးအား ယမန်နေ့ (၁၇.၁၁.၂၀၂၃) ရက်နေ့တွင် စစ်ကောင်စီရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

 

ဖမ်းဆီးရမိခဲ့သော လက်နက်ပစ္စည်းများသည်-

 

-RPG ဒုံးပစ်လောင်ချာ ၁၂ လက်၊

-တရုတ် စက်လတ် ၉ လက်၊

– Type-81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက်၊

-လက်နက်ငယ်ပြောင်း အပို ၅၀၀ ချောင်း၊

-RPG ဒုံးသီး ၁၀၆ လုံး၊

-အီနာဂါ ဗုံးသီး ၆၁၀၀ လုံး၊

-တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၁၄၂၆ လုံး၊

-၇.၆၂ ကျည် ၁၃၆၇၀ တောင့်၊

-၁၀၇ မမ စနက်အုံ ၁၀၀ ခု၊

-တရုတ်စက်လတ်ကျည်အိမ် ၂၉ ခု၊

-ကျည်အိမ်မျိုးစုံ ၁၈၀၀ ခု၊

-TNT ယမ်း ၉၅၀ ကီလိုဂရမ်၊

-အမိုနီယမ်နိုက်ထရိတ် ၂၀၀ ကီလိုဂရမ်၊

-Equipment ၂၀၀၀ စုံ၊

တို့ဖြစ်သည်။

 

၎င်းလက်နက်ခဲယမ်းများသည် ကယားပြည်နယ် (ကရင်နီ) ကိုပို့ဆောင်မည့် လက်နက်ခဲယမ်းများဖြစ်ကြောင်း သတင်းရရှိသည်။