ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
Panglong Agreement (Burmese Version)
ပင်လုံစာချုပ် (မြန်မာပြန်)
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်
ပင်လုံမြို့၊ပြည်ထောင်စုသျှမ်းပြည်
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့၊ စဝ်ဖှများအားလုံးနှင့် ပြည်ထောင်စုသျှမ်းပြည်၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသများမှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင် ကျင်းပသည့် ညီလာခံကြီး တရပ်တွင်–
ညီလာခံကိုယ်စားလှယ်များသည် ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ခြင်း ပူးပေါင်းခြင်းအားဖြင့် သျှမ်း၊ ကချင်နှင့် ချင်း တို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာ ရရှိလိမ့်မည်ဟု ယုံကြည်ကြသည်နှင့် အညီ–
ညီလာခံကိုယ်စားလှယ်များက ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။
၁။ တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့ (တ–စ–ည–ဖ) ကိုယ်စားလှယ်များ၏ အကြံပြုထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံက ရွေးချယ်၍ ထိုပုဂ္ဂိုလ်ကို တောင်တန်းဒေသများဆိုင်ရာ အတိုင်ပင်ခံအဖြစ် ခန့်ထားပြီး အုပ်ချုပ်ခွင့် အာဏာများကို အလားတူ အပ်နှင်းရမည်။
၂။ထိုအတိုင်ပင်ခံပုဂ္ဂိုလ်ကိုဘုရင်ခံ၏အမှုဆောင်ကောင်စီတွင်ဌာနလက်ကိုင်မရှိကောင်စီဝင်တဦးအဖြစ်ခန့်ထား၍ကာကွယ်ရေးနှင့်ပြည်ပကိစ္စရပ်များတွင်အခြေခံဥပဒေထုံးနည်းအရအမှုဆောင်ကောင်စီ၏အာဏာလက်အောက်သို့ရောက်ရှိသည့်နည်းတူတောင်တန်းဒေသများကိုလည်းအမှုဆောင်ကောင်စီ၏အာဏာလက်အောက်သို့ရောက်ရှိစေရမည်။ဤနည်းလမ်းများအတိုင်းတောင်းတန်းဒေသဆိုင်ရာအတိုင်ပင်ခံပုဂ္ဂိုလ်အားအုပ်ချုပ်ခွင့်အာဏာကိုအလားတူပေးအပ်ရမည်။
၃။ အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ် ၂ ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ် ၂ ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့် နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားတောင်တန်းဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ ပူးတွဲတာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။
၄။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် တောင်တန်းဒေသများ၏ တဦးတည်းကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်များ သည် တောင်တန်းဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီ အစည်းအဝေးများတွင် တက်ရောက်နိုင်ခွင့် ရှိစေရမည်။
၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း၊ တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန် အဆိုပါကောင်စီက လုံးဝပြုလုပ်ခြင်းမရှိစေရ။ တောင်တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိရမည်ဟု မူအားဖြင့် သဘောတူညီကြသည်။
၆။ပူးပေါင်းထားပြီးသည့်မြန်မာပြည်အတွင်းသီးသန့်ကချင်ပြည်နယ်တခုနယ်နိမိတ်သတ်မှတ်ခြင်းနှင့်တည်ထောင်ခြင်းမေးခွန်းသည်တိုင်းပြုပြည်ပြုလွှတ်တော်ကဆုံးဖြတ်ရန်ဖြစ်သော်လည်းဤကဲ့သို့သီးခြားပြည်နယ်တခုထားရှိသင့်ကြောင်းကိုသဘောတူညီကြသည်။ဤရည်ရွယ်ချက်အထမြောက်ရန်အလို့ဌာပထမခြေလှမ်းအနေဖြင့်၁၉၃၅ခုနှစ်ဘားမားအက်ဥပဒေအရ၊နောက်ဆက်တွဲစာရင်းပါအပိုင်း၂ဒေသများကဲ့သို့မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်တို့၏အုပ်ချုပ်ရေးတွင်တောင်တန်းဒေသဆိုင်ရာအတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့အားဆွေးနွေးတိုင်ပင်ရမည်။
၇။ နယ်စပ်ဒေသများ၏ နိုင်ငံသားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ခံစားပိုင်ခွင့်ရှိစေရမည်။
၈။ ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ ပြည်ထောင်စုသျှမ်းပြည်နယ်စုတွင် ယခုအပ်နှင်းပြီးသော ဘဏ္ကာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထိခိုက်ခြင်းမရှိစေရန်။
၉။ဤစာချုပ်တွင်သဘောတူညီကြသည့်အစီအစဉ်တို့မှာမြန်မာပြည်အခွန်တော်ငွေများမှကချင်တောင်တန်းဒေသများနှင့်ချင်းတောင်တန်းဒေသများကရသင့်ရထိုက်သောဘဏ္ကာရေးအကူအညီကိုထိခိုက်ခြင်းမရှိစေရ။မြန်မာပြည်နှင့်ပြည်ထောင်စုသျှမ်းပြည်တို့၏ဘဏ္ကာရေးအစီအစဉ်များကဲ့သို့ကချင်တောင်တန်းဒေသနှင့်ချင်းတောင်တန်းဒေသများတို့အတွက်အလားတူအစီအစဉ်များကိုထားရှိကျင့်သုံးရန်ဖြစ်နိုင်မည်မဖြစ်နိုင်မည်ကိုဘုရင်ခံ၏အမှုဆောင်ကောင်စီက၊တောင်တန်းဒေသများ၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူစစ်ဆေးကြည့်ရူ့ရမည်။
သျှမ်းကော်မတီ
၁။ ခွန်ပန်းစိန်၊ တောင်ပိုင်စဝ်ဖှလုံ
၂။ စဝ်ရွှေသိုက်၊ ညောင်ရွှေစဝ်ဖှလုံ
၃။ စဝ်ဟုံဖှ၊ မြောက်သိန္ဒီစဝ်ဖှလုံ
၄။ စဝ်နွံ၊ လဲချားစဝ်ဖှလုံ
၅။ စဝ်စံထွန်း၊ မိုင်းပွန်စဝ်ဖှလုံ
၆။ စဝ်ထွန်းအေး၊ သာမိုင်းခမ်းစဝ်ဖှလုံ
၇။ ဦးဖြူ၊ သထံစဝ်ဖှလုံကိုယ်စားလှယ်
၈။ ခွန်ဖုံး၊ (ကချင်ကိုယ်စားလှယ်၊ မြောက်သိန္ဒီ)
၉။ ဦးတင်ဧ
၁၀။ ဦးထွန်းမြင့်
၁၁။ ဦးကြာပု
၁၂။ ဦးခွန်စော
၁၃။ စဝ်ယိပ်ဖှ
၁၄။ဦးခွန်ထီး
ကချင်ကိုယ်စားလှယ်
၁။ ဆမားဒူဝါ ဆင်ဝါးနှောင်၊ မြစ်ကြီးနား
၂။ ဒူဝါ ဇော်ရစ် (ပ်)၊ မြစ်ကြီးနား
၃။ ဒူဝါ ဒိန်ရတန်၊ မြစ်ကြီးနား
၄။ ဇော်လ၊ ဗန်းမော်
၅။ ဒူဝါ ဇော်လ၊ ဗန်းမော်
၆။ ဒူဝါ လဗန်ဂရောင်၊ ဗန်းမော်
ချင်းကော်မတီ
၁။ ပူးလျှရ်မှုန်း (အေတီအမ်၊ အိုင်ဒီအက်စ်အမ်၊ ဘီအီးအမ်၊ ဖလမ်း)
၂။ ပူးသောင်ဇာခုပ် (အေတီအမ်၊ တီးတိန်)
၃။ ပူးကီးအိုမန်း (အေတီအမ်၊ ဟားခါး)
ဗမာအစိုးရ
၁။ အောင်ဆန်း
၁၂/၂/၄၇
ဦးထွန်းမြင့် (တောင်ကြီး)၊ တောင်ကြီးညီလာခံနှင့် ဖက်ဒရယ်မူ
Panglong Agreement
Panglong, 12 February 1947
A conference having been held at Panglong, attended by certain Members of the Executive Council of the Governor of Burma, all Saohpas and representative of the Shan States, the Kachin Hills and the Chin Hills:
The Members of the conference, believing that freedom will be more speedily achieved by the Shans, the Kachins and the Chins by their immediate co-operation with the Interim Burmese Government: