ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ပခုံးထမ်း၊ အပူနောက်လိုက်၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် ထုတ်ပြလာသော KNU/KNLA

ပခုံးထမ်း၊ အပူနောက်လိုက်၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် ထုတ်ပြလာသော KNU/KNLA

Hsan Loi Editor
12/03/2024
Share:

 

မြဝတီမြို့နယ်တိုက်ပွဲတွေအတွင်း KNLA / Cobra Column တပ်ဖွဲ့‌ဝင်များ ကိုင်ဆောင်ထားတာတွေ့ရသောပခုံးထမ်းလေယာဉ်ပစ် MANPADS တွေပါ။ ပခုံးထမ်း၊ အပူနောက်လိုက်၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြစ်တယ်။

ရှေ့တစ်ခေါက်ကတွေ့ခဲ့သလိုပဲ ဆိုဗီယက်ရုရှားထုတ် 9K32 Strela-2 (NATO အခေါ် SA-7 Grail) ဒါမှမဟုတ် Streal-2 ကို တရုတ်က reverse engineering လုပ်ပြီး ပြန်ထုတ်ထားတဲ့ HN-5 ဖြစ်နိုင်ပါတယ်။ နှစ်ခုလုံးက တော်တော်လေး နီးစပ်တူညီပါတယ်။ နိုင်ငံခြား Twitter အကောင့်တွေကတော့ HN-5 လို့ပြောကြတယ်။ အဲ့တော့ HN-5 ဖြစ်ဖို့ပိုနီးစပ်နိုင်ပါတယ်။

ဒီပုံတွေမှာလည်း MANPADS ကို စွမ်းအင်ပေးဖို့ thermal battery တွေ တပ်ဆင်ထားတာမတွေ့ရပါဘူး။

1970 ကျော်က ဒီဇိုင်းလုပ်ခဲ့တဲ့ 1st generation MANPADS ဖြစ်တာမို့လို့ တိုက်လေယာဉ်တွေကို ခြိမ်းခြောက်ဟန့်တားနိုင်ဖို့ မလွယ်လှပါဘူး။ ဗုံးလာကြဲတာတွေကို ပစ်ချနိုင်မှာမဟုတ်သေးပါဘူး။ Mi-35, Mi-8 လို ရဟတ်ယာဉ် နဲ့ Y-12 လို လေယာဉ်တွေကိုတော့ ထိရောက်မှုရှိနိုင်တယ်။

HN-5 ရဲ့ ထိရောက်မှုအကွာအဝေးက မီတာ 800 ကနေ 4400 မီတာ (2.7 မိုင်) အတွင်းရှိပါတယ်။ လေယာဉ် နောက်ပိုင်း အင်ဂျင်နော်ဇယ်ကိုမြင်ရတဲ့ အခြေအနေမှာပဲ tail chase engagement အနေနဲ့ပစ်ခတ်နိုင်တယ်။ အမြင့် မီတာ 50 ကနေ 2500 အတွင်းပစ်မှတ်တွေကို ပစ်ခတ်နိုင်တယ်။ ပစ်ပြီး 15 စက္ကန့်အတွင်း ထိမှန်မှုမရှိရင် အလိုအလျောက် self-destruct ပေါက်ကွဲပါတယ်။ ဒါတွေကတော့ စာရွက်ပေါ်က အချက်အလက်တွေပါ။

တိုင်းရင်းသားလက်နက်ကိုင်‌‌တွေ အနေနဲ့ MANPADS တွေ ထုတ်ပြတယ်ဆိုတာ တော်တော်လေးတွေ့ရခဲပါတယ်။ KNLA တပ်ဖွဲ့တွေအနေနဲ့တော့ ဒီလပိုင်းအတွင်း လူမြင်ကွင်းမှာ MANPADS တွေနဲ့ တွေ့ရတာ 2 ကြိမ်ရှိလာတာက ထူးခြားပါတယ်။ လောလောဆယ် ကရင်ဘက်မှာ ဒါတွေသုံးပြီး ပစ်ချနိုင်တာတော့ မတွေ့ရသေးပါဘူး။ ပစ်ချနိုင်တာမရှိသေးပေမယ့် စကစလေတပ်ရဲ့ ပိုပြီး vulnerable ဖြစ်တဲ့ ရဟတ်ယာဉ်တွေအတွက်တော့ mission planning တွေမှာ ခေါင်းကိုက်စေမှာပါ။

Review &Tactical Raptor