ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နော်ဝေနိုင်ငံသည် UNOPS ၏ ဘက်စုံရန်ပုံငွေယန္တရားအလှူရှင်များနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ ရေဘေးသင့်ရပ်ရွာများအတွက် အမေရိကန်ဒေါ်လာ (၅)သိန်း စတင်ထောက်ပံ့ကူညီ

နော်ဝေနိုင်ငံသည် UNOPS ၏ ဘက်စုံရန်ပုံငွေယန္တရားအလှူရှင်များနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ ရေဘေးသင့်ရပ်ရွာများအတွက် အမေရိကန်ဒေါ်လာ (၅)သိန်း စတင်ထောက်ပံ့ကူညီ

Hsan Loi Editor
20/09/2024
Share:

 

နော်ဝေနိုင်ငံသည် UNOPS ၏ ဘက်စုံရန်ပုံငွေယန္တရားအလှူရှင်များနှင့် ပူးပေါင်းကာ ရေဘေးသင့်ရပ်ရွာများ၌ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ (၅၀၀,၀၀၀) ကို ကနဦး အနေဖြင့် ထောက်ပံ့ကူညီခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထောက်ပံ့မှုတွင် အမိုးအကာ၊ အစားအစာ၊ ရေသန့်၊ အခြေခံဆေးဝါးများနှင့် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများပါဝင်သည်ဟုဆိုသည်။

 

နော်ဝေကြက်ခြေနီအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေးအတွက် ငွေသားနှင့် အစားအသောက်ပါဆယ်ထုပ်များကို ဖြန့်ဝေပေးလျက်ရှိသည်။ နော်ဝေနိုင်ငံသည် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို ဆန်းစစ်ပြီး အကူအညီများ အမြန်ဆုံးရောက်ရှိရေး လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။