ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်သော ခမရ (၁၁၄) အား ယမန်နေ့ ဇွန်လ(၂၇)ရက် ညပိုင်းခန့်က တော်လှန်ရေးအင်အားစုများနှင့် TNLA အဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ ဒေသသတင်းများ၏ ဖော်ပြချက်အရ ခမရ – ၁၁၄ အတွင်း စစ်ကောင်စီ၏ လက်နက်မျိုးစုံ – ၃၅၀ ကျော်အား တော်လှန်ရေးအင်အားစုများနှင့် TNLA က သိမ်းဆည်းရရှိခဲ့သည်။
လက်ရှိအချိန်တွင် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်သော ဒတရ (၆၀၆) အား TNLA နှင့် တော်လှန်ရေးအင်အားစုများက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ တစ်ဖက်တွင်လည်း စစ်ကောင်စီဘက် အဝေးပစ် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသလို တိုက်လေယာဉ်ဖြင့်လည်း ဗုံးကျဲတိုက်ခိုက်နေသည်။
ယမန်နေ့ညပိုင်းတွင်လည်း နောင်ချို-ကျောက်မဲ ကားမကြီးတစ်လျောက် ဂုတ်တွင်းကြိုးဝိုင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများနှင့် TNLA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဂုတ်တွင်းကြိုးဝိုင်း ကျောက်မဲဘက်ခြမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခုခံတိုက်ခိုက်ရင်း လက်နက်ချခြင်းမရှိဘဲ ဂုတ်တွင်းကြိုးဝိုင်းအတွင်း ထွက်ပြေးနေကာ အဆိုပါ ထွက်ပြေးနေသော စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးအင်အားစုများက ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း သတင်းရရှိသည်။