ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နောင်ချိုမြို့သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် နေ့စဉ်လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် စက်တင်ဘာလအတွင်း ကလေး(၂)ဦးအပါအဝင် ပြည်သူ(၁၅)ဦးသေဆုံးပြီး (၁၀)ဦးထိခိုက်ဒဏ်ရာရ

နောင်ချိုမြို့သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် နေ့စဉ်လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် စက်တင်ဘာလအတွင်း ကလေး(၂)ဦးအပါအဝင် ပြည်သူ(၁၅)ဦးသေဆုံးပြီး (၁၀)ဦးထိခိုက်ဒဏ်ရာရ

Hsan Loi Editor
21/09/2024
Share:

 

ယခုနှစ် စက်တင်ဘာလအတွင်း သျှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့သို့ စစ်ကောင်စီတပ်က လေယာဥ်ဖြင့် နေ့စဉ်လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်(၂)ဦးအပါအဝင် ပြည်သူ(၁၅)ဦး သေဆုံးကာ (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

 

ယနေ့ စက်တင်ဘာလ(၂၁)ရက် နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီမှ Y-12 လေ‌ယာဉ်ဖြင့် နောင်ချိုမြို့ရှိ ဈေးအနီးတဝိုက်သို့ ဗုံးကြဲတိုက်ခိုက်ပြီး ပြည်သူ (၁)ဦး ဗုံးစထိမှန်ခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းများ ထိခိုက်ပျက်စီးကြောင်း သိရသည်။

 

စစ်ကောင်စီ၏ လက်လွှတ်ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ရယူရန် “ ရန်နိုင်မင်းစစ်ဆင် ရေး” ကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင် အကောင် အထည်ဖော်ပြီး တော်လှန်ရေးတပ်များ ထိန်းချုပ်ထားတဲ့နယ်မြေများကို ဦးတည်ကာ လေကြောင်းဖြင့် နေ့စဉ်လိုက်လံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိသူ အများအပြားရှိသလို ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးမှု အများအပြားရှိကြောင်း သိရှိရပါသည်။