ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့ ယနေ့နံနက် (၈) နာရီခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အနီး ရေမောင်းကျေးရွာအနီး ပိုင်ရှင်မဲ့ ဘိန်းဖြူနှင့်မူးယစ်ဆေးဝါးများ တန်ဖိုး ကျပ်သိန်း (၉၀၀၀) ခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါမူးယစ်ဆေးဝါးများကို တင်ဆောင်လာသော Land Cruiser အနက်ရောင်ကားသည် နောင်ချိုမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းမောင်းနှင်လာခြင်းဖြစ်ပြီး မူးယစ်းဆေးဝါးနှိမ်နှင်းရေးအဖွဲ့မှလိုက်လံ ဖမ်းဆီးစဉ် နောင်ချိုမြို့နယ် ရေမောင်းကျေးရွာအနီး၌ ယာဉ်မတော်တဆဖြစ်ပြီး ၎င်းတို့ကားကို ထားကာ ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါကားကို ရှာဖွေစစ်ဆေးရာတွင် ဆာလာအိတ် ၂၀ အိတ် အတွင်းမှ ဘိန်းဖြူ ဆပ်ပြာခွက် ၄၄၀၀ ခွက်၊ အလေးချိန် (၄၄ ကီလိုဂရမ်) ခန့် တန်ဖိုးငွေ ကျပ်သိန်း ၆၆၀၀ ကျပ်၊ ဆာလာအိတ် ၂ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄.၈ သိန်းပြားတန်ဖိုး ကျပ်သိန်း ၂၄၀၀ ကျပ်၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၉၀၀၀ ခန့် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
#HsanLoiVoice